Main menu

Background

တရုတ်နယ်စပ်မှ သစ်သီးဝလံ ပုံမှတင်သွင်းလျက်ရှိ

Wed, 07/31/2013 - 13:33 -- ydnar

၂၀၁၃ ခုနှစ် ဇူလိုင်လ တတိယ ပတ် အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ် ရေးဇုန်မှကန်ဒေါ်လာသုညဒသမ ၂၄၉ သန်းတန်ဖိုးရှိ ပန်းသီး၊ သစ်တော်သီးနဲ့ လိမ္မော်သီး တန်ချိန်ပေါင်း ၄၉၂ တန် ကျော်ကို တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်က ၃၇၅ တန်တင်သွင်းခဲ့တာမို့ ယခုအပတ် ၁၁၇ တန်တင်ပို့မှုပိုမိုခဲ့ပါ တယ်။ လိမ္မော်သီးနဲ့သစ်တော်သီးကို မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင် သွင်းလျက်ရှိပြီး ပန်းသီးကိုတော့ ကန် ပိုက်တီးစခန်းမှလည်း ယခုအပတ်မှာ ၉ တန်တင်သွင်းခဲ့တာတွေ့ရပါတယ်။    မော်မော်အောင် MIRT (DCCA)