Main menu

Background

နယ်စပ်စခန်းများမှ နာနတ်သီးများ တင်ပို့

Wed, 07/31/2013 - 13:42 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက် အတွင်း ကန်ဒေါ်လာ ၂၂၂၇၀ တန်ဖိုးရှိ ရာသီ စာ နာနတ်သီး ၂၀၃ တန်ကို တစ်ဖက် နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ ယခင်အပတ် က  ၁၁၈ တန်ခွဲသာ တင်ပို့ခဲ့တာမို့ ယခုအပတ် ၈၄ တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ နာနတ်သီး ရာသီဖြစ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီ၊ သီပေါက ထွက်တဲ့ နာနတ်တွေကို လား ရှိုးမှတစ်ဆင့် မူဆယ် သစ်သီးဝလံကုန် စည်ဒိုင်ကို နေ့စဉ်ပုံမှန်ကား ၃-၄ စီးနဲ့ အဝင် ရှိနေတယ်လို့ သိရပါတယ်။ နာနတ်သီးနဲ့အတူ သရက်သီး ၆၅ တန် ခွဲနဲ့ သခွားမွှေး ၁၃ တန်တို့ကိုလည်း ယခုအပတ်မှာ တင်ပို့ခဲ့ပါတယ်။မော်မော်အောင် MIRT (DCCA)