Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီကို အိန္ဒိယအဆွဲအေးလို့ ဈေးကျ

Wed, 07/31/2013 - 14:43 -- ydnar

ဘုရင့်နောင်ဈေးကွက် ဒီတစ်ပတ်မတ်ပဲ (RC) ကတော့ အကျဈေးနဲ့ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ပဲစင်းငုံနီ (RC) ကတော့ တစ်ပတ်လုံးမှ တစ်ရက်ထဲသာ အောက်ဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်ဖွင့်ချိန်မှာ မတ်ပဲ (RC) ကိုအိန္ဒိယဝယ်လက်တွေက တစ်တန်ကို ၄၉၃၀၀၀ ကျပ်ဈေးနဲ့ စတင် အဝယ်ရှိပေမယ့် နောက်ပိုင်းမှာ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးကျနေတာကြောင့် မြန်မာ့မတ်ပဲကို ဝယ်လိုအားကျ ဆင်းသွားလို့ ဈေးတရိပ်ရိပ်ကျဆင်းလာပြီး ဈေးကွက်ပိတ်ချိန်မှာ တော့ တစ်တန်ကို ၄၇၁၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏကတော့ တစ်ပတ်လုံးမှ တန် ၁၃၀၀ ခန့်သာရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ပဲစင်းငုံနီ (RC) ကတော့ ဒီတစ်ပတ်မှာ အိတ်စပို့ ဝယ်လက်က တစ်တန်ကို ၅၄၀၀၀၀ ကျပ်ဝန်းကျင်သာဈေးပေး အဝယ်ရှိသလို ရောင်းသူဘက်ကလည်း တွက်ချေမကိုက်လို့ အရောင်းအဝယ်သိပ်မဖြစ်ဘဲ အရောင်းအဝယ် အေးနေတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန်ကို ၅၄၉၀၀၀ ကျပ်ဈေးနဲ့ တန် ၁၁၅ ခန့်သာဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။