မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက်ကအရည်အသွေးကိုစိစစ်ပြီးဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၁၈၄ ကျပ်(တစ်တန်ကို ၇၂၅၀၆၉ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ ဒီတစ်ပတ်မှာအိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်အဝယ် အားပျော့သွားတာကြောင့် ဈေးကအကျဘက်သို့ ဦးတည် နေကြောင်း သိရပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၈၀ ကျပ် (တစ်တန်ကို ၅၃၈၉၀၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ခန့်ကြား သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံ ကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်း ဆီစက်တွေက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းနီတစ်ပိဿာ ၂၆၇၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၈၉၀ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၉၈၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၁၇၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
Background