Main menu

Background

ဈေးအေးလာတဲ့ မန်းပဲတီစိမ်း

Tue, 09/14/2010 - 04:46 -- Anonymous (not verified)

 ဈေးအေးလာတဲ့ မန်းပဲတီစိမ်း     တရုတ်ဈေးကွက်ကို အများဆုံးရောင်းဝယ်တင်ပို့နေကြတဲ့ မန်းပဲတီစိမ်းဈေးကွက်ဟာ သြဂုတ်လထက် စက်တင်ဘာ လမှာ တဖြည်းဖြည်းဈေးနိမ့် အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်မှာ တရုတ်ယွမ်ငွေ ဈေးကျ ဆင်းလာတဲ့အတွက် ရောင်းဝယ်မှုအေးလာတယ်လို့ ကုန်သည်တခိုျ့ကပြောပါတယ်။ စက်တင်ဘာလ ဒုတိယပတ်မှာ ပဲတီစိမ်း ထိပ်စ တစ်ပိဿာ ၁ဝ၆၇ ကျပ်၊ လတ်စ ၉၇၈ ကျပ်၊ အောက်စ ၉ဝ၇ ကျပ်ဝန်းကျင်ဖြင့်သာ ရောင်းဝယ်နေကြပြီး ဈေးကွက်အတွင်းတရုတ်ဝယ်လက်နှင့်ရန်ကုန်ဝယ်လက်တို့ဝယ်ယူမှုရှိနေသော်လည်း ရောင်းဝယ်မှုကခပ်အေးအေး ပဲရှိနေပါတယ်။ တရုတ်တင်ပို့မှု အနေဖြင့် တစ်ပတ်အတွင်း ၃၈၉ တန်သာတင်ပို့မှုရှိခဲ့ပြီး မန်းပဲတီစိမ်းဈေးကွက်တွင် ရောင်းဝယ်မှုကတော့ဆက်လက်ပြီးအရောင်းအေးဈေးလည်းအေးနေဦးမယ်လို့ရောင်းဝယ်ကြတဲ့ကုန်သည်တချို့က ပြောကြားနေကြောင်း သိရပါတယ်။                                                                                   ကျော်ကျော်မိုး