မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးကို တရုတ်ဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေ သလို ရောင်းသူကုန်သည်များကလည်း တက်ဈေးမျှော်ပြီး အရောင်း နည်းလာတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၁၂၈၀ ကျပ်(တစ်တန်ကို ၇၈၃၈၅၉ ကျပ်)ဈေးနဲ့ နေ့ စဉ်အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို အိတ် စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အဝယ်အေးတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)ဈေးနဲ့ တစ်ရက်ပျမ်းမျှအိတ် ၃၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ရန်ကုန် အဆွဲအေးသလို မြို့ခံပဲခွဲစက်တွေကလည်း ဝယ်အားအနည်းငယ် လျော့သွားတာကြောင့် ဈေးကအကျဘက်မှာရှိနေတယ်လို့ ဆိုပါ တယ်။ ရောင်းသူဘက်မှ သူရောင်းနိုင်တဲ့ဈေးခေါ်သော်လည်း ဝယ် သူဘက်က ဈေးနှိမ်အဝယ်ရှိလို့ အရောင်းအဝယ်သိပ်မဖြစ်ခဲ့ဘူးလို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပိဿာ ၈၈၂ ကျပ်(တစ်တန်ကို ၅၄၀၁၂၇ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background