Main menu

Background

ဇူလိုင်စတုတ္ထပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက် မြေပဲဈေးတက်၊ နှမ်းဈေးအေး

Wed, 07/31/2013 - 15:17 -- ydnar

မုံရွာကုန်စည်ဒိုင် ဇူလိုင်စတုတ္ထပတ် ဝါဝင်ကာလ ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲဈေးအနည်း ငယ်တက်ခဲ့ပြီး၊ နှမ်း ဈေးအေးခဲ့ကာ စားဆီဈေးလည်း ကျ သွားခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ် နှမ်းဈေးကွက်မှာ ကံနီ၊ မင်းကင်းနပြ ဂန့်ဂေါဘက်က မိုးနှမ်းအချို့စတင်ဝင် ရောက်မှုရှိပေမဲ့ အရည်အသွေးနိမ့်လို့ ဈေး မရခဲ့ဘူးလို့ ဆိုပါတယ်။

နှမ်းဖြူ ပေါက်ဈေးအနေနဲ့ ဒီလထဲမှာ တစ်တင်း ၄၄၀၀၀ ကျပ်ထိ အမြင့်ဆုံးဖြစ်ပေါ်ခဲ့ ပြီး၊ယခုအပတ်မှာတော့ ထိပ်စ ၄၂၀၀၀ ကျပ်နဲ့ အောက်စ ၄၀၅၀၀ ကျပ်သာ ပေါက်ခဲ့ပါတယ်။ ထိုနည်းတူ နှမ်းညိုမှာ လည်း ဒီလအတွင်း အမြင့်ဆုံးတစ်တင်း ၃၄၀၀၀ ကျပ်မှ ယနေ့ ၃၀၀၀၀ ကျပ်၊ နှမ်းဝါမှာ တစ်တင်း ၃၅၀၀၀ ကျပ်မှ ယနေ့ ၃၁၅၀၀ ကျပ်အသီးသီး ကျဈေး ဖြစ်ပေါ် ခဲ့ပါတယ်။ အရောင်းအဝယ် အားဖြင့် တစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြားရှိခဲ့ပြီး ဝယ်လက်အနေနဲ့ မန်း အဝယ်ရှိခဲ့သလို ဒေသစက်သမားအဆွဲ လည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ မြေပဲဈေးကွက်မှာတော့ နယ် အဝင် အနည်းငယ်ရှိပေမဲ့  တရုတ်လက် နဲ့ ဒေသပဲလှော်သမား ဆွဲအားကောင်း လို့ တက်ဈေးအနည်းငယ်ဖြစ်ပေါ် ခဲ့ပါ တယ်။ မြေပဲလုံးဆန်ဟာ ဒီလထဲမှာတစ် တင်း ၃၁၅၀၀ ကျပ်ထိ မြင့်တက်လာခဲ့ သလို မြေပဲဆန်ဖြူတစ်ပိဿာ ၁၉၇၅ ကျပ်၊ မြေပဲဆီဆန်တစ်ပိဿာ ၁၈၀၀ ကျပ်အသီးသီးဈေးမာလာတာ တွေ့ရ ပါ တယ်။ စားသုံးဆီ ဈေးကွက်မှာတော့ ဒီ တစ်ပတ်အတွင်း အနည်းငယ်ဈေးကျ ခဲ့ရာ မြေပဲဆီတစ်ပိဿာ ယခင် ၃၂၅၀ ကျပ်မှ ၃၂၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ယခင် ၄၀၀၀ ကျပ်မှ ယခု ၃၈၀၀ ကျပ်နဲ့ စားအုန်းဆီတစ်ပိဿာ ၁၆၆၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ ဈေး ကွက်အတွင်းမှာ ဟင်းရွက်ဆီဝင် ရောက်မှု များပြားသလို အရောင်း အဝယ် သွက်ခဲ့လို့ ယခုလိုဆီဈေးအေး ခြင်းဖြစ်ကြောင်း ကုန်သည်ရပ်ကွက်က ကြားသိရပါတယ်။ထွန်းလှိုင်-မုံရွာ