Main menu

Background

မူဆယ်စခန်းမှ နှမ်းတင်ပို့မှု

Wed, 07/31/2013 - 15:21 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက်  အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆၀၅ သန်းတန်ဖိုးရှိ တဲ့ နှမ်းရောင်စုံ ၁၉၄၂ တန်ကျော်ကိုတင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နှမ်းရောင်စုံတွေ ကတော့ နှမ်းနက် ၈၃၁ တန်ခန့်၊ နှမ်းညို ၆၂၇ တန်ခွဲနဲ့ နှမ်းဖြူ ၄၈၄ တန်ကျော် တို့ဖြစ်ပါတယ်။

ယခင်အပတ်က နှမ်းနက် ၆၇၆ တန်ခန့်၊ နှမ်းညို ၃၉၁ တန်နဲ့ နှမ်းဖြူ ၁၁၇၅ တန်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ နှမ်းနက်နဲ့နှမ်းညို ပိုမိုတင်ပို့ ခဲ့ပေမဲ့ နှမ်းဖြူ တင်ပို့မှုတန်ချိန် ၆၉၀ ခန့်လျော့နည်းခဲ့ပါ တယ်။ ကျောက်ပန်း တောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဝေပေးတဲ့ ဆင်းရတနာ (၃) နှမ်းနက်မျိုး ၈၈၆ ဧကစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိကြောင်း သိရပြီး ကျောက်ပန်းတောင်းမြို့နယ် တစ်ခုလုံး နှမ်းစိုက်ဧက ၁၅၂၁၄၂ ရှိကြောင်း၊ မိုးမမှန်သဖြင့် နှမ်းစိုက်တောင်သူများ အထွက်နှုန်း မမှန်မည်ကိုစိုးရိမ်နေကြတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံ နှမ်းဈေးတွေကို ယခင်အပတ်နဲ့ ယခုအပတ်နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု           ယခင်     ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ    ၁၉၈၂၈၃၂    ၂၀၀၈၂၅၃    ၂၅၄၂၁       ၁ .၃    ၂၀၄၉    ၂၀၅၂    ၃    ၀ .၁နှမ်းနက်    ၂၀၃၀၃၀၁    ၂၀၈၈၃၈၁    ၅၈၀၈၀    ၃ .ဝ    ၂၀၉၈    ၂၁၃၄    ၃၆    ၂ .ဝမော်မော်အောင်၊MIRT (DCCA)