Main menu

Background

ရောင်းလိုအား မြင့်တက်မှုကြောင့် စားအုန်းဆီဈေးအနိမ့်ဆုံးထိ ကျဆင်း

Wed, 07/31/2013 - 15:21 -- ydnar

စားအုန်းဆီ ရောင်းလိုအားက ၁၉၉၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့ပြီး ဝယ်လိုအားကဆယ်နှစ် တာကာလအတွင်း အနှေးကွေးဆုံးနှုန်း နဲ့မြင့်တက်နေတဲ့အတွက် စားအုန်းဆီ ဈေးက သုံးနှစ်အတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ကြောင်း ဘလွမ်းဘတ် သတင်းမှာ ဖော်ပြထားပါတယ်။

ကွာလာလမ်ပူရှိ ဘာဆာမလေး ရှားကုန်စည်ဒိုင်မှာ စားအုန်းဆီဈေးက သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး မက်ထရစ်တစ်တန်ကို ၂၂၀၂ ရင်းဂစ် (၆၈၈ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ဒီဈေး က ၂၀၀၉ ခုနှစ် နိုဝင်ဘာနောက်ပိုင်း မတွေ့ဖူးသေးတဲ့နှုန်း ဖြစ်ပါတယ်။ အစားထိုးသုံးဆီဖြစ်တဲ့ ပဲပုပ်ဆီဈေးက ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံး ဈေးကို ရောက်ရှိခဲ့ပါတယ်။ သကြားလုံးထုတ်လုပ်တာကနေ ဇီဝလောင်စာဆီထုတ်တဲ့လုပ်ငန်းအထိ အမျိုးမျိုးသုံးနိုင်တဲ့ စားအုန်းဆီဈေးက နှစ်နဲ့ချီကျဆင်းနေရာက ၂၀၁၃-၁၄ ခုနှစ်အကုန်မှာ ၂၁ ရာခိုင်နှုန်းမြင့်တက် ပြီး တန်ချိန် ၉ ဒသမ ၅ သန်းရှိမယ်လို့ ခန့်မှန်းထားတဲ့အပြင် ဝယ်လိုအားက ၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်မှုဖြစ်တဲ့ အတွက် အနည်းဆုံး ၁၂ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုလယ်ယာစိုက်ပျိုးရေးဌာန ကပြောပါတယ်။ စားအုန်းဆီထုတ်လုပ်မှုက စားသုံး ဆီရောင်းလိုအားရဲ့ ၃၅ ရာခိုင်နှုန်းအထိ ပါရှိပြီး ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွင် တန်ချိန် ၅၈ ဒသမ ၁ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံဒါလီယံဈေးကွက်မှာ ဇန်နဝါရီလအတွက် စားအုန်းဆီဈေးက ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး တစ် တန်ကို ၅၅၀၂ ယွမ် (၈၉၆ ဒေါ်လာ) နှုန်းရှိခဲ့ရာ ၂၀၀၉ ခုနှစ် ဇူလိုင် နောက်ပိုင်း အနိမ့်ဆုံးဈေးဖြစ်ပါတယ်။ ပဲပုပ်ဆီဈေးက ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၇ ဒသမ ၆၄ ယွမ်နှုန်းရှိခဲ့ပါတယ်။              UNT