Main menu

Background

ဘိလပ်မြေဈေးနှုန်းများ(29-7-13)

Wed, 07/31/2013 - 15:24 -- ydnar

ဒီတစ်ပတ်ရေလမ်းမှ ဘိလပ်မြေအဝင်လျော့ သီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင်လ ၁၄ ရက်မှ ၂၀ ရက်နေ့တာ ကာလအတွင်း ကန်ဒေါ်လာ လေးသိန်းသုံးသောင်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၄၇၃၉ ဒသမ ၆၈ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်း နိုင်ငံမှ ဘိလပ်မြေတန်ချိန် ၄၅၁၅၊ မလေးရှားနိုင်ငံမှ ဘိလပ်မြေ ၈၉ ဒသမ ၆၀ နဲ့ ဗီယက်နမ်နိုင်ငံမှ ဘိလပ်မြေတန်ချိန် သုည ဒသမ ၈၀ ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဗီယက်နမ်နိုင်ငံမှ ဘိလပ်မြေကို ဒီတစ်ပတ်မှာ နမူနာအနေနဲ့ အနည်း ငယ်သာတင်သွင်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ ဘိလပ်မြေ တန်ချိန် ခုနစ်ထောင်ကျော်တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတန်ချိန် နှစ်ထောင့်ခြောက်ရာကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။   MIRT (DOT)မိုးရာသီနဲ့အပြိုင် ဈေးကွက်အေးနေဆဲဘိလပ်မြေဇူလိုင်လ ၁၄ ရက်မှ ဇူလိုင်လ ၂၀ ရက် သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေတန်ချိန် လေးထောင့်ခုနစ်ရာသုံးဆယ့်ကိုးတန် ဝင်လာခဲ့ တယ် လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်က ယခင်တစ်ပတ်မှာ တန်ချိန်ရှစ် ထောင် ခုနှစ်ရာကျော်ရှိခဲ့ပြီး ယခုတစ်ပတ် ဘိလပ်မြေအဝင်မှာ တန်ချိန်ငါးထောင် လေးရာငါးဆယ်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်သုံးထောင့်နှစ်ရာ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ရေလမ်းမှ ဘိလပ်မြေ အဝင်လျော့ခဲ့သလို နယ်စပ်လမ်းမှလည်း အဝင်လျော့ခဲ့ပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲမှာ အေသုံးလုံးက ပစ္စည်းပြတ်နေပေမဲ့ ကျားခေါင်းဘိလပ်မြေ က ဈေးကွက်ထဲ ပြန်ဝင်လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးတွေက ယခင်တစ်ပတ်ဈေးအတိုင်း စိန်(ယိုးဒယား) ၇၃၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေ က ၅၂၀၀ ကျပ်၊ ကျားခေါင်း ဘိလပ် မြေ က ၅၈၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၆၃၀၀ ကျပ်၊ အေသုံးလုံး ဘိလပ်မြေက ၅၂၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း ဆက်ပြီး အရောင်းအဝယ် အေးတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အေးသလို ဈေးကလည်းငြိမ်နေသေးတယ်။ ယခင်တစ်ပတ် ဈေးနည်းနည်းမြင့်ခဲ့တဲ့ ဆင်(ထိုင်း) ဘိလပ်မြေက ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ဈေးနဲ့ပဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးကဆင်(ထိုင်း)ဘိလပ်မြေ ၅၂၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၂၀၀ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၃၅၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်အေးတယ်လို့  သိရပါတယ်။ ယခင်တစ်ပတ်မှာဘိလပ်မြေဈေးက အနည်းငယ်ကျလာတယ်။ဒီတစ်ပတ် ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ ယခင်တစ်ပတ်ဈေး အတိုင်း အေသုံးလုံး ၅၅၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်) ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်၊ မြင်းခေါင်း ၄၇၀၀ ကျပ်၊ ဆင်(ထိုင်း) ၅၈၀၀ ကျပ်၊ စိန် (ထိုင်း) ၅၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ၆၂ လမ်း၊ ၂၈ ထ ၂၉ ကြား အုတ်သဲကျောက်ရောင်းဝယ်ရေးအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ ပဲခူးဈေးကွက်မှာ ဘိလပ်မြေ အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ၅၇၀၀ ကျပ်၊ စိန်(ထိုင်း) ၅၆၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဘိလပ်မြေဈေးက ယခင်တစ်ပတ် ဈေးထက် ငါးဆယ်ကျပ်ဝန်းကျင် ဈေးကျလာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးက ဆင်(ထိုင်း) ဘိလပ်မြေ ၅၇၀၀ ကျပ်၊ စိန်(ထိုင်း)ဘိလပ်မြေ ၅၆၀၀ ကျပ်၊ တီပီအိုင် ဘိလပ်မြေ ၅၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘုရင့်နောင် ပွဲရုံတန်း ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။                                                           MIRT(DOTP)