ဇူလိုင်လ အာရှဆန်ဈေးကွက်တွင် ဗီယက်နမ်ဆန်မှအပ အခြားနိုင်ငံဆန်ဈေးများ အားနည်းလာ

ဇူလိုင်လအတွင်း ထိုင်းဆန် ဈေး နှုန်းများ ဆက်တိုက်အားနည်းလာသော် လည်း ဗီယက်နမ် ဆန်ဈေးနှုန်းများ ဦးမော့လာတယ်။ ထိုင်းဆန်ကိုပြည်ပမှ ဝယ်လိုအား နည်းနေတဲ့အပြင် ပြည် တွင်းဆန်သိုလှောင်ထား ရှိမှု မြင့်မား နေခြင်း၊ စပါးအသစ်ပေါ်ချိန် နီးနေခြင်း တို့က ဈေးနှုန်းကို အားနည်းစေတယ်။

ဗီယက်နမ် ပြည်တွင်းစပါး အသစ် ပေါ်ချိန် ပြည်တွင်းဆန် ဝယ်ယူ သို လှောင်မှု အစီအစဉ်ကြောင့် ပြည်တွင်း စပါးဈေးအနည်းငယ်မြင့်မားနေသဖြင့်  FOB နှုန်းများလည်း ဦးမော့လာခြင်း ဖြစ်တယ်။ အိန္ဒိယရဲ့ ၂၅ မှတ်ဆန်ဖြူရဲ့ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၅ ဒေါ် လာ ဈေးကျလာတယ်။ အိန္ဒိယရူပီးငွေ တန်ဖိုး ကျဆင်းခြင်းကြောင့်  FOB နှုန်း လည်း အားနည်းလာခြင်း ဖြစ်တယ်။အိန္ဒိယက ယခုနှစ်မှာလည်း ကမ္ဘာ့ဆန် တင်ပို့မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည် လိမ့်ဦးမယ်လို့ မျှော်မှန်းထားတယ်။  ပပ