မုံရွာကုန်စည်ဒိုင် သြဂုတ်လဆန်း ဆီထွက်သီးနှံ ဈေးကွက်မှာ တရုတ် ဝယ်လက်ကြောင့် မြေပဲဈေးတက်ခဲ့ ပြီး၊ နှမ်းဈေးငြိမ်ကာ စားသုံးဆီဈေးအေးခဲ့ တယ်လို့ သိရပါတယ်။ မြေပဲဈေးကွက် မှာ မြေပဲဆန်နီဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက တစ်ပိဿာ ၁၆၂၅ ကျပ်ထိ အနိမ့်ဆုံး ကျခဲ့ရာက ယနေ့ ၁၈၀၀ ကျပ်ထိ၊ မြေပဲဆန်ဖြူဟာ ပြီးခဲ့တဲ့လက တစ်ပိဿာ အနိမ့်ဆုံး ၁၈၅၀ ကျပ် ကနေ ယနေ့ ၂၀၅၀ ကျပ်၊ မြေပဲလုံး ဆန်ဟာ ပြီးခဲ့တဲ့လက တစ်တင်း ၂၉၅၀၀ ကျပ်ထိ အနိမ့်ဆုံးကျခဲ့ရာမှ ယနေ့ ၃၃၀၀၀ ကျပ်ထိ၊ ဈေးအသီးသီး တက်လာခဲ့တာ တွေ့ရပါတယ်။
နယ်စုံ က မြေပဲအဝင် လျော့နည်းခဲ့ပြီး၊ တရုတ်ဝယ်လက်နဲ့ ဒေသတွင်း ပဲလှော်ဖို သမား ဝယ်လိုအားကောင်းလို့ အခုလို တက်ဈေး ဖြစ်ပေါ်တာလို့ ကုန်သည် တွေက ပြောပါတယ်။ နှမ်းဈေးကွက်မှာတော့ မုံရွာကုန် စည်ဒိုင်မှာ နွေနှမ်းလုံးဝမ၀င်တော့ဘဲ မိုးဦးနှမ်းအချို့ ဝင်ရောက်မှုရှိခဲ့ကာ လုပ်ငန်း သမားတွေ ကုန်ကြမ်းအတွက် လိုအပ်ချက် အားသာတဲ့အတွက် ဈေး အနည်းငယ်ပြန်မာလာခဲ့တာ တွေ့ ရပါ တယ်။ယခုတစ်ပတ်မှာ နှမ်းညိုတစ်တင်း အမြင့်ဆုံး ၃၀၀၀၀ ကျပ်၊ နှမ်းဝါတစ် တင်း အမြင့်ဆုံး ၃၁၅၀၀ ကျပ်၊ နှမ်းနီ တစ်တင်း ၃၀၀၀၀ ကျပ်နဲ့ နှမ်းဖြူ တစ်တင်း အမြင့်ဆုံး ၄၂၅၀၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ စားသုံးဆီဈေးကွက်မှာတော့ မြေပဲဆီဟာ တစ်ပိဿာ ၃၂၀၀ ကျပ်နဲ့ တစ်ပတ်လုံးဈေးငြိမ်နေခဲ့ပြီး၊ နှမ်းဆီ ကတော့ တစ်ပိဿာ ၃၅၅၀ ကျပ်ထိ ကျဈေးဖြစ်ပေါ်ခဲ့ပါတယ်။ စားအုန်းဆီ ဈေးကတော့ တစ်ပိဿာ ၁၆၇၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပြီး၊ ဟင်းရွက်ဆီကတော့ တစ်ပိဿာ ၁၉၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ဒေသထွက် ပဲဆီသန့်တွေက တော့ သူ့တံဆိပ်နဲ့သူ ပက်ကင်ဘူးများ လက်လီ ရောင်းချလျက်ရှိရာ တစ် ပိဿာ ၃၉၀၀ ကျပ်မှ ၄၀၀၀ ကျပ် ဝန်းကျင် ပေါက်ဈေး ဖြစ်ပေါ်နေပြီး၊ အရောင်းအဝယ်သွက်လျက်ရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ထွန်းလှိုင် - မုံရွာ