Main menu

Background

အာရှအဆင့်မီဟိုတယ်ကြီးဖြစ်လာမည့် မြန်မာ့မီးရထားရုံးဟောင်း

Tue, 08/06/2013 - 10:56 -- ydnar

လက်ရှိ Grand မီးရထားဟိုတယ် နဲ့ Grand စင်တာ တို့ပါဝင်တဲ့  မြန်မာ့မီးရထားရုံးချုပ်ဟောင်း ဝင်းအတွင်းမှာ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီး မြှုပ်နှံပြီး ကြယ်လေးပွင့်အဆင့်ရှိ  ဟိုတယ်ကြီးတွေ၊ လက်လီအရောင်းစင်တာတွေ၊လူနေတိုက်ခန်းကွန်ဒို အဆောက်အအုံတွေကို ဆောက်လုပ်သွားဖို့ရှိတဲ့ အတွက်ရန်ကုန်မြို့လယ်ရဲ့မြင်ကွင်းကိုပြောင်းလဲသွား စေနိုင်ပါတယ်။

အဲဒီဆောက်လုပ်ရေးစီမံကိန်းကြီး ကို ရိုးမ မဟာဗျူဟာ ဦးပိုင်ကုမ္ပဏီ (Yoma Strategic Holdings) နဲ့ ဆာ့ချ်ပန်းကုမ္ပဏီအုပ်စု (Se-rge Pun Associates-SPA)တို့ဖက်စပ်ပြီးတည် ဆောက်သွားမယ်လို့သိရပါတယ်။အဲဒီ အဆောက် အအုံတွေ ကို ၂၀၁၇ ခုနှစ်မှာပြီးစီးအောင် ဆောက် လုပ်သွားဖို့ရှိပါတယ်။ ဗိုလ်ချုပ်ဈေးကြီးရဲ့ဘေး Trader  ဟိုတယ်ရဲ့ မြောက်ဘက်၊ ရန်ကုန်မြို့ရဲ့ အလယ်မှာအကောင် အထည်ဖော်မယ့် အဲဒီဆောက်လုပ်ရေး စီမံကိန်း ကြီးဟာဒေါ်လာသန်း၄၀၀ခန့်ကုန်ကျနိုင်ပြီးတခြား အာရှနိုင်ငံတွေက အဆောက်အအုံတွေနဲ့ အဆင့်မီ အောင်ဆောက်လုပ်သွားမှာဖြစ်တဲ့အတွက်ရန်ကုန် မြို့ရဲ့အထင်ကရထင်ရှားတဲ့ အဆောက်အအုံကြီး တွေဖြစ်လာနိုင်ပါတယ်။ ရိုးမကုမ္ပဏီရဲ့ အိမ်ခြံမြေ လုပ်ငန်းခွဲမှ မန်နေဂျာချုပ်ဖြစ်သူ Elmar A Busch က “အဲဒီအဆောက်အအုံတွေဟာ မြန်မာ နိုင်ငံမှာအလှပဆုံးနဲ့အခန့်ညားဆုံးအဆောက်အအုံ တွေဖြစ်လာဖို့ရှိတယ်” လို့ ပြောပါတယ်။ သူက ဆက်လက်ပြီး “လောလောဆယ်တော့ အထင်ကရ အဆောက်အအုံတွေလို့ပဲ ကျွန်တော်တို့ ခေါ်ဆို ထားပါတယ်။ တရားဝင်အမည်နာမ မပေးရသေး ပေမဲ့ ဟောင်ကောင်မှာရှိတဲ့ Pacific Place ဟိုတယ်ကြီးနဲ့ အဆင့်တူဆောက်လုပ်သွားမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ထင်ရှားပေါ်လွင်တဲ့ လက္ခဏာဆောင်တဲ့ဟိုတယ်ကြီးဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။ ရိုးမနဲ့ SPA ကုမ္ပဏီတို့ဟာ စင်ကာပူနိုင်ငံက အထက်တန်းလွှာလူ ကုံတန်တွေသာ လာရောက် နိုင်တဲ့   Marina Bay Sands Casino  လို အဆောက်အအုံမျိုးကိုတော့ တည် ဆောက်သွားဖို့ ရည်ရွယ်ချက်မရှိဘဲ လူတိုင်းလာရောက်နိုင်တဲ့ အဆောက်အအုံမျိုးတွေကိုပဲ တည်ဆောက်သွား မယ်လို့ဆိုပါတယ်။ အဲဒီစီမံကိန်းကို အကောင် အထည်ဖော်ဖို့ ယခုနှစ်ကုန် မှာ Grand   မီးရထား ဟိုတယ် အဆောက်အအုံကို စတင်ဖြိုဖျက်ဖို့ရှိပါ တယ်။ လက်ရှိ FMI စင်တာကိုတော့ နောက်ဆုံး မှာဖြိုဖျက်ဖို့ရှိပြီး အဲဒီနေရာမှာ အထပ်လေးထပ် ပါတဲ့ ကုန်တိုက် ကြီးတည်ဆောက်ဖို့ရှိပါတယ်။ ဒီစီမံကိန်းမှာ အထူးအစီအစဉ်ကတော့ အလွန် ရှေးကျတဲ့ မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံ အတိုင်းထိန်းသိမ်းထားရှိဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ရုံးအဆောက်အအုံဟာ ဆွဲဆောင်မှုရှိတဲ့ အနီ ရောင်အုတ်တွေနဲ့ဆောက်လုပ်ထားပြီး ဗိုလ်ချုပ် အောင်ဆန်းလမ်းနဲ့ ဆူးလေးဘုရားလမ်းထောင့်မှာ တည်ရှိပါတယ်။ ရိုးမဆောက်လုပ်ရေးလုပ်ငန်းခွဲရဲ့ မန်နေဂျာချုပ် Elamar A Busch က “အဲဒီရှေး ရုံးအဆောက်အအုံကို လက်ရှိပုံစံအတိုင်းထိန်းသိမ်း ထားရှိဖို့ဟာ ဒီစီမံကိန်းကြီးရဲ့ သော့ချက်ကျတဲ့ ပြဿနာပဲဖြစ်တယ်” လို့ ထောက်ပြထားပါတယ်။ အဲဒီအဆောက်အအုံကို ယခုပုံစံအတိုင်း ပြုပြင် မွမ်းမံရရင် ဒေါ်လာသန်း ၁၀၀ လောက်အထိ တောင် ကုန်ကျနိုင်ပါတယ်။ အဆောက်အအုံကို ဖြိုချပြီး အသစ်ပြန်ဆောက်ရင် အဲဒီကုန်ကျစရိတ် ထက်အများကြီးသက်သာပါတယ်လို့ပြောပါတယ်။ မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံကို လွန်ခဲ့တဲ့ ၁၈၇၇ ခုနှစ်မှာ ဆောက်လုပ်ခဲ့လို့ ရှေးဟောင်းအမွေ အနှစ်အဆောက်အအုံတစ်ခုဖြစ် နေပါတယ်။ ရန်ကုန်မြို့မှာ အမျိုးသားအမွေ အနှစ်အဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရ မယ့် အဆောက်အအုံပေါင်း ၁၈၉ ခုမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီရှေးဟောင်းအဆောက် အအုံကြီးကို ဟောင်ကောင်နဲ့ရှန်ဟိုင်းဟိုတယ် လီမိတက် (Hong Kong and Shanghai Hotels Ltd-HSH)  က တာဝန်ယူပြီး အဆင့်မြှင့် အခန်း ၈၀၀ ပါတဲ့ Peninsula Hotel ကြီးအဖြစ် ပုံစံမပျက်ပြုပြင်မွမ်းမံသွားမယ်လို့ သိရပါတယ်။ HSH ကုမ္ပဏီဟာ အဲဒီလိုရှေးဟောင်း အဆောက် အအုံဟိုတယ်မျိုးတွေ ကို ရှန်ဟိုင်း၊ နယူးယောက်နဲ့ တိုကျိုမြို့ကြီးတွေမှာအောင်မြင်စွာဖွင့်လှစ်ခဲ့ပါတယ်။ ရှေးဟောင်း   မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံနဲ့တွဲပြီး ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဇိမ်ခံကွန်ဒိုမီနီယမ် အဆောက်အအုံ၊ ကြယ်လေး ပွင့်အဆင့် ရှိတဲ့ ဟိုတယ်ကြီးတစ်ခု၊ ကြယ်လေးပွင့် အဆင့်ရှိတဲ့ လူနေတိုက်ခန်းတွေပါတဲ့ အဆောက် အအုံတစ်ခုနဲ့ မော်တော်ကား စီးရေ ၃၅၀၀ ထားရှိ နိုင်တဲ့ မြေအောက်ကားရပ်နားစခန်းလဲ ပါဝင်မယ် လို့ သိရပါတယ်။ ဒါကြောင့် အဲဒီနေရာကြီးဟာ ရန်ကုန်မြို့လယ်ရဲ့ မြင်ကွင်းကိုပြောင်းလဲသွားနိုင် တယ်လို့ ဆိုရခြင်းဖြစ်တယ်လို့ Busch  က ပြောပါတယ်။ ၁၉၉၂ ခုနှစ်ကတည်းက  Serge Pun ကုမ္ပဏီအုပ်စု (SPA)  ဟာ ရှေးဟောင်းမြန်မာ့ မီးရထားရုံးချုပ်အပါအဝင်အဲဒီမီးရထားဝင်းအတွင်း ဆောက်လုပ်မယ့်အဆောက်အအုံတွေနဲ့ပတ်သက် လို့ အဆိုပြုချက်တွေကို အနှစ် ၃၀ မြေ ငှားစာချုပ် ချုပ်ဆိုပြီး သဘောတူလက် မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ ဆောက်လုပ်မယ့် အဆောက်အအုံ တွေမှာအဆင့်မြှင့်ရုံးခန်းတွေပါရှိတဲ့အဆောက်အအုံ တစ်ခုလဲရှိပြီး ခေတ်မီ စွမ်းအင်ချွေတာစွာ အသုံးပြု နိုင်တဲ့ ရုံးခန်းတွေ၊ သဘာဝလေဝင်လေထွက်နဲ့ ရုံးခန်းကိုအေးမြအောင်ပြုလုပ်နိုင်တဲ့ နည်းလမ်း တွေ အသုံးပြုသွားဖို့ ရှိပါတယ်။ အဲဒီရုံးတွေနဲ့တွဲပြီး ကုန်မျိုးစုံဆိုင်တွေနဲ့စားသောက်ဆိုင်တွေပါဖွင့်လှစ် ထားရှိမယ်လို့ဆိုပါတယ်။ ဒါ့အပြင် အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ရာမှာလဲ လက်သိပ်ထိုးလုပ် ဆောင်သွားမှာမဟုတ်ဘဲ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ်လို့ဆိုကြောင်းပါ ခင်ဗျား။Ref: Internet