Main menu

Background

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေး တရုတ်နိုင်ငံနဲ့ ကမ္ဘာ့ရွှေကုန်သွယ်မှု

Tue, 08/06/2013 - 10:53 -- ydnar

ကမ္ဘာ့စီးပွားရေးမှာ အရင်က တတိယ နေရာမှာရှိခဲ့တဲ့ တရုတ်နိုင်ငံက ဒုတိယနေရာမှာရှိနေတဲ့ ဂျပန်နိုင်ငံကို ကျော်တက်ပြီး ဒုတိယနေရာကိုရောက် ရှိခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့စီးပွားရေး မှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ က အထိုက်အလျောက် အရေးပါတဲ့နေရာ မှာရှိခဲ့ပါတယ်။

တရုတ်ဈေးကွက်ရဲ့ အတက်အကျ အခြေအနေက ကမ္ဘာ့ စီးပွားရေး အထိုက်အလျောက် ဂယက် ရိုက်ခတ်မှုရှိခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်ကို ကြည့်ရင် လည်း တရုတ်နိုင်ငံရဲ့ ပါဝင်မှုအချိုး အစားကအိန္ဒိယနိုင်ငံပြီးရင်ဒုတိယနေရာ မှာရှိနေပါတယ်။ဒါကြောင့်ကမ္ဘာ့ရွှေဈေး အတက်အကျက အိန္ဒိယနဲ့ တရုတ်နိုင်ငံ တို့ရဲ့အနုတ်အသိမ်းအတက်အကျအပေါ် မှာ မူတည်နေတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေး ကျဆင်းမှုကြောင့် ရွှေဈေးကွက် မှာဖြစ် ပေါ်လာမဲ့အခြေအနေတွေကလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။တရုတ်စီးပွားရေး နှေးကွေးမှု တရုတ်နိုင်ငံစီးပွားရေးက ဧပြီနဲ့ ဇွန်သုံးလပတ်မှာ ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။ သုံးလပတ်အလိုက် စီးပွားရေးတိုးတက် နှုန်းကျဆင်းမှုက နှစ်ပတ်ဆက်တိုက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်းမှာ တိုးတက်နှုန်း ၈ ရာခိုင်နှုန်း အောက်ကျဆင်းခဲ့တာ အရှည်ကြာဆုံး ဖြစ်ပါတယ်။ လာမဲ့ ဒုတိယနှစ်ဝက်မှာ လည်း ပထမနှစ်ဝက်လိုပဲ ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်မယ်လို့ ဟောင် ကောင် အခြေစိုက် Reorient အေဂျင်စီ မှ စီးပွားရေး ပညာရှင် စတိဝမ်က ပြောပါတယ်။ ၂၀၁၃ ခုနှစ်တစ်နှစ်လုံးအတွက် စီးပွားရေးတိုးတက်နှုန်းကို ၇ ဒသမ ၅ ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်ဖို့ တရုတ်အစိုးရက ရည်မှန်းချက် ထားပါ တယ်။ ၂၀၁၂ ခုနှစ် တိုးတက်နှုန်းက ၇ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး ၁၉၉၉ ခုနှစ်နောက်ပိုင်း တိုးတက်မှု အနိမ့်ဆုံး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မတိုင်မီအထိ တရုတ်နိုင်ငံရဲ့ စီးပွားတိုးတက်နှုန်း က နှစ်စဉ် ၁၀ ရာခိုင်နှုန်းနီးပါးရှိခဲ့ပါတယ်။ ဒါကြောင့် တိုးတက်နှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၈ ရာခိုင်နှုန်းအထိ ရောက် ရှိတယ် ဆိုတာကထူးထူးခြားခြား နှေး ကွေး ကျဆင်းတာဖြစ်ပါတယ်။
 
ကမ္ဘာ့ရွှေဝယ်လိုအား အမေရိကန် ဗဟိုဘဏ်က စီးပွား ရေး တွန်းအားပေးအစီအစဉ်များကို ပြန်လည်ရုပ်သိမ်းတော့မှာကို စိုးရိမ်နေ ချိန်မှာရွှေကိုတန်ဖိုးထားထိန်းသိမ်းနိုင်စွမ်း ရှိတဲ့ ပစ္စည်းအဖြစ်ရင်းနှီးမြှုပ်နံှသူ အချို့ က အယုံအကြည်နည်းလာတဲ့အတွက် ယခုနှစ်အတွင်းမှာ ရွှေဈေးတန်ဖိုးက ၁၇ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ရွှေဒိုင်မှာ ဝယ်ယူမှုအများ ဆုံးဖြစ် တဲ့ SPDR Gold Trust  မှာရှိတဲ့ ရွှေနောက်ခံ စာချုပ်စာတမ်းတွေရဲ့ ပမာဏက မေ ၂၂ ရက်နေ့က ၁၀၂၀ ဒသမ ၀၇ မက်ထရစ်တန်အထိကျဆင်း ခဲ့ပါတယ်။ ဒီပမာဏက ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ အနည်းဆုံးဖြစ်ကြောင်း ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထား ပါတယ်။ အိန္ဒိယရဲ့ ရွှေဝယ်လိုအားက ယခု နှစ်အတွင်းမှာ ကျဆင်းပြီး တန် ၈၅၀ သာရှိမယ်လို့ ကမ္ဘာ့ရွှေကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အုပ်ချုပ်မှု ဒါရိုက်တာ မာကပ်ဂရပ်က (Marcus Grubb) ကပြောပါတယ်။ ကုန်သွယ်မှု လိုငွေ ကိုထိန်းချုပ်ဖို့အတွက် အိန္ဒိယ အစိုးရက ရွှေတင်သွင်းတာကို ထိန်းချုပ် ခဲ့ပါတယ်။ ကမ္ဘာ့ရွှေသတ္တုကို ရင်းနှီး မြှုပ်နှံမှု အဖြစ် ဝယ်လိုအားကျဆင်းခဲ့အတွက် ယခုနှစ်မှာရွှေဝယ်ယူမှုအချိုးမှာလက်ဝတ် ရတနာအဖြစ်ဝယ်ယူမှုကပိုလာလိမ့်မယ် လို့ ဂရပ်က ခန့်မှန်းထားပါတယ်။ အမေရိကန် ဗဟိုဘဏ်ကရွှေဝယ် ယူမှု ကို အားပေးတဲ့ လှည့်လည်ငွေကြေးတိုး မြှင့်အစီအစဉ်ကိုလျှော့ချမဲ့အခြေအနေ ကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ရွှေကို ပြန်ထုတ်လာတဲ့အတွက် ယခုနှစ်မှာ ရွှေဈေး ၂၀ ရာခိုင်နှုန်း ထိကျမယ်လို့ ခန့်မှန်းထားပါတယ်။
တရုတ်နိုင်ငံနဲ့ ရွှေဈေးကွက် တရုတ်စီးပွားရေးတိုးတက်နှုန်း နှေးကွေးတာကို အသစ်ထုတ် ပြန်လိုက် တဲ့ စီးပွားရေးကိန်းဂဏန်းတွေမှာ တွေ့ လိုက်ရပြီးနောက်ပိုင်း လန်ဒန်ရွှေဈေး ကွက်မှာ ဇူလိုင် ၁၅ ရက်က ရွှေဈေးနှုန်း အနည်းငယ် အပြောင်းအလဲ ဖြစ်ခဲ့ ပါတယ်။ ရွှေဈေးတွေက ရက်သတ္တပတ် အလိုက် တိုးတက်နှုန်း အကောင်းဆုံး ဖြစ်နေရာမှပြန်လည်ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ လက်လီဈေးကွက်မှာတော့ အဆမတန်မြင့်တက်ခဲ့ပါတယ်။ ရှန်ဟဲရွှေဒိုင် (Shanghai Gold Exchange) မှာ ၂၀၁၃ ခုနှစ် ပထမ နှစ်ဝက်အတွင်း ရွှေရောင်းလိုအား ၁၀၉၈ တန်ထိ ရောက်ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တစ်ခုလုံးရဲ့ ၉၄ ရာခိုင်နှုန်း ကျော်အထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ တရားဝင်ထုတ်ပြန်ခဲ့တဲ့စာရင်းတွေအရ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်းက ဒုတိယသုံးလပတ်မှာ ၇ ဒသမ ၅ ရာခိုင် နှုန်းရှိခဲ့ရာ သုံးနှစ်အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။
တရုတ်ရွှေဝယ်လိုအား တရုတ်နိုင်ငံရဲ့ ရွှေဝယ်လိုအားက ယခုနှစ်မှာ တန် ၁၀၀၀ ထိရောက်ရှိပြီး စံချိန်တင်လိမ့်မယ်လို့ကမ္ဘာ့ရွှေကောင်စီ က ဇူလိုင် ၂၅ ရက်နေ့ကပြောပါတယ်။ ရွှေအတုံးလိုက်ဝယ်လိုအားမှာ တရုတ် နိုင်ငံက အိန္ဒိယကိုကျော် လွန်ပြီး နံပါတ် ၁ နေရာကိုရောက်လာမဲ့ သဘောဖြစ် နေပါတယ်။ တရုတ်နိုင်ငံရဲ့ ရွှေဝယ်လို အားက ၂၀၁၃ ခုနှစ်မှာ တန် ၉၅၀ နဲ့ ၁၀၀၀ အကြားရှိနေလိမ့်မယ်လို့ ကမ္ဘာ့ ရွှေကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ မာကပ်ဂရပ် က ပြောပါတယ်။ လောလောဆယ်မှာ တရုတ် နိုင်ငံ က ဝယ်လိုအားတက်လာပေမဲ့ အိန္ဒိယ နိုင်ငံရဲ့ ဝယ်လိုအားကျဆင်းတာနဲ့ အိပ်ချိန်းဒိုင်တွေမှာ ရွှေကို ငွေပြန်ဖေါ် တာတွေနဲ့ ထေမိရုံရှိနိုင်ပါတယ်။ ရွှေ အရောင်းအဝယ်က Comex   လို နေရာ တွေကနေရှန်ဟဲနဲ့ ဟောင်ကောင် ဘက် ကို ဦးတည်သွားမဲ့ အခြေအနေတွေက တစစတိုးတက်နေတာတွေ့ရပါတယ်။
တရုတ်ရွှေထုတ်လုပ်မှု တရုတ်နိုင်ငံမှာရွှေသတ္တုတွင်း တွေ က ထုတ်လုပ်မှုနဲ့ တရုတ်နိုင်ငံရဲ့ သတ္တုအရည်ကျိုလုပ်ငန်းနဲ့ သန့်စင်ရေး လုပ်ငန်းတွေကဘေးထွက်ပစ္စည်းအဖြစ် ထုတ်လုပ်မှုက ၂၀၁၂ ခုနှစ်မှာ တန် ၄၀၀ ကျော်အထိရောက်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တန် ၄၂၀ ကနေ ၄၅၀ ထိ ရောက်ရှိလိမ့်မယ်လို့ တရားဝင်ခန့်မှန်း ထားပါတယ်။ ဒီအခြေအနေကို ကြည့် ရင် ယခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ရွှေတင် သွင်းမှုနဲ့ ပြည်တွင်းထုတ်လုပ်မှုက ကမ္ဘာ့ ရွှေသတ္တုတွင်းတွေကအသစ် ထုတ်လုပ် မှု ရဲ့ ၅၀ ရာခိုင်နှုန်းကို အေးအေး ဆေးဆေး ကျော်တက်သွားနိုင်ပါတယ်။ ကမ္ဘာ့ရွှေသတ္တုတွင်းတွေက ယခုနှစ်မှာ ထုတ်လုပ်မဲ့ပမာဏကို နှစ်စဉ်တန် ၂၇၀၀ထိရှိမယ်လို့ခန့်မှန်းထားပါတယ်။ ရွှေဈေးတွေ ကျဆင်းနေတာကြောင့် ကမ္ဘာ့ရွှေထုတ်လုပ်မှုက စတင်ကျဆင်း နေတဲ့အတွက်သတ္တုတွင်းတွေပိတ်သိမ်း (တချို့က ပိတ်သိမ်းနေပါတယ်) ပြီး စီမံကိန်းသစ်နဲ့ လုပ်ငန်းချဲ့ထွင်တာ တွေကို ရပ်ဆိုင်းထားပါတယ်။ နမူနာအဖြစ်ကြည့်ရင် တောင် အမေရိကထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းက လက်ရှိရွှေဈေးနဲ့ စီးပွားမဖြစ်နိုင်တာ တွေ့ရပါတယ်။အလားတူပဲ ကမ္ဘာပေါ်ရှိ တခြားရွှေတွင်းတွေမှာ ထုတ်လုပ်မှု စရိတ်ကြောင့် အရှုံးပေါ်နေပါတယ်။
ရွှေအလားအလာ “ကျွန်တော်တို့ ရွှေကိုဝယ်ယူရတဲ့ အကြောင်းရင်းက နှစ်ချက်ရှိပါတယ်။ ငွေကြေး မူဝါဒကြောင့် ဖြစ်လာမဲ့ ငွေကြေးဖောင်းပွမှု ဂယက်ကြောင့်နဲ့ ငွေကြေးစနစ်တွေ တစ်စစီပြိုကွဲတော့ မယ်လို့ တွေးထင်မိတာတွေကြောင့် ဖြစ် ပါတယ်”လို့ ဒိုင်ယာပါစန် ကုန်စည် စီမံခန့်ခွဲမှု အေဂျင်စီရဲ့ ရင်းနှီးမြှုပ်နှံမှု ဗျူဟာမှူး ရှောင်ကော်ရီဂန်က ပြောပါ တယ်။ ယခုနှစ်ထဲမှာ စတော့ ဈေးကွက် တွေ ပြန်လည်နာလန်ထူလာတာက ရွှေဈေးကျဆင်းမဲ့လက္ခဏာဖြစ်တယ် လို့ လေ့လာဆန်းစစ်သူတွေက ပြောပါ တယ်။ ဈေးကွက်တွေငြိမ်သွားအောင် တရုတ်ဗဟိုဘဏ်က ကြိုးစားနေပေမဲ့ တရုတ်နိုင်ငံမှာ ငွေဖြစ်လွယ်မှုအကျပ် အတည်းအတွက် ပူပန်မှုက ရှယ်ယာ ဈေးနှုန်းတွေကို ကျဆင်းစေနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖွဲ့ဖြိုးမှုနှေးကွေးကျ ဆင်းနေတာကြောင့် ရွှေတုံးဝယ်လို အားကို ကျဆင်းနိုင်တယ်လို့ လေ့လာ ဆန်းစစ်သူတွေက ခန့်မှန်းပါတယ်။ တစ်ခု စိတ်ဝင်စားစရာကောင်း တာက ဧပြီလမှာ ဈေးနှုန်းပြိုကွဲပြီး နောက်ပိုင်း တရုတ်နိုင်ငံက ရွှေကိုအလုံး အရင်းနဲ့ ဝယ်လာတာရယ်၊ ရွှေတုံး ဝယ်ယူတဲ့ ပရီမီယံကြေးတွေမြင့်တက် နေတာရယ်ကို ကြည့်ရင် လက်ရှိဖြစ် ပေါ်နေတဲ့ တစ်အောင်စ ဒေါ်လာ ၁၄၀၀ အောက်ရှိနေတဲ့ ဈေးနဲ့ဆိုရင် ဝယ်လိုအားဆက်တက်လာနိုင်တယ် လို့လည်း ခန့်မှန်းကြပါတယ်။ ဟောင်ကောင်  ရှန်ဟဲဘဏ် ကော်ပိုရေးရှင်း (HSBC) ရဲ့ ခန့်မှန်း ချက်အရ ရွှေဈေးနှုန်းတွေက လက်ရှိ ဖြစ်နေတဲ့တစ်အောင်စ ၁၃၈၈ ဒေါ်လာ နှုန်းကနေ ၂၀၁၄ခုနှစ်မှာ တစ်အောင်စ ကို ဒေါ်လာ ၁၆၀၀ ထိရှိလာမယ်လို့ ခန့်မှန်းပါတယ်။ (HSBC) ရဲ့ ကုန်စည် လေ့လာဆန်းစစ်ရေးမှူးချုပ် ဂျိမ်းစတီး က ယခုနှစ်ကုန်လောက်မှာ ရွှေဈေးက တစ်အောင်စ ၁၅၄၂ ဒေါ်လာလောက် ထိ ရောက်ရှိပြီးရေရှည်မှာ တစ်အောင်စ ဒေါ်လာ ၂၀၀၀ ထိရောက်မယ်လို့ ခန့်မှန်းပါတယ်။ဉာဏ်တင်