Main menu

Background

မုံရွာကုန်စည်ဒိုင် ဝါတွင်းပဲဈေး ဆက်လက်အေးနေ

Tue, 08/06/2013 - 11:24 -- ydnar

မုံရွာကုန်စည်ဒိုင် ဇူလိုင်လကုန်နဲ့ သြဂုတ်လဆန်း ပဲဈေးကွက်မှာ Export လက် အဆွဲလေးသလို ဒေသကုန်သည် အဝယ်အေးလို့ ပဲအများစု ကျဈေးဖြစ် ပေါ်ခဲ့တာ တွေ့ရပါတယ်။ ကုလားပဲ အုပ်စု ဈေးကွက်မှာဆိုရင် ထိုင်ဝမ် ကုလားပဲဟာ ကုန်သည်လက်ဝယ် ပဲ လက်ကျန်နည်းလာတဲ့အတွက် ရောင်း သူ ရှားကာ ဝယ်လိုအား အနည်းငယ် ကောင်းခဲ့လို့ တစ်တင်း ၁၆၇၀၀ ကျပ်၊ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

929 ကုလားပဲကတော့ ပစ္စည်းလက်ကျန်များ သေးကာ ရောင်းလိုသူက များပြီး၊ ဝယ် လိုအားနည်းလို့ ကျဈေးဖြစ်ခဲ့ရာ ယခု အပတ်မှာ တစ်တင်း ၁၆၄၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ကုလားပဲဖြူလုံးကြီးကတော့ လက်ကျန် ပစ္စည်းရှိသလို ရောင်းလက်နဲ့ ဝယ်လက် မျှနေလို့ တစ်တင်း ၁၆၈၀၀ ကျပ်ဈေး ပေါက်ခဲ့ကာ ကုလားပဲမျိုးစုံရောင်းဝယ်မှု အားဖြင့်တစ်ရက်အိတ် ၁၅၀၀ ဝန်းကျင် ရှိတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းကြီး ဈေး ကွက်မှာတော့ ချောင်းဦးပေါက် အင်း ဒေသ၊ အရာတော် မူးမြစ်ဝှမ်းဒေသနဲ့ တန့်ဆည်ဘက်ကပဲတွေ နေ့စဉ်ဒိုင် အဝင်ရှိခဲ့ပေမယ့်တရုတ်ဝယ်လက်အဆွဲ လေးလို့ ဈေးအနည်းငယ်အေးသွားခဲ့ပါ တယ်။ ပဲအရည်အသွေးပေါ်မူတည်ကာ စိမ်းကြီးတစ်တင်း ၂၂၀၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်အတွင်းပေါက်ဈေး ဖြစ် ပေါ်ခဲ့ပြီး၊ ဒီရက်ပတ်အတွင်း တစ်ရက် အိတ် ၁၀၀၀ ဝန်းကျင်အရောင်းအဝယ် ပုံမှန်ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က ဆို ပါတယ်။ ပဲစင်းငုံနီဈေးကွက်အနေနဲ့ ယခု အပတ်အတွင်း ရန်ကုန်အဝယ် မရှိသ လောက် နည်းခဲ့လို့ အရောင်းအဝယ် အေးခဲ့ကာ တစ်တင်း ၁၇၀၀၀ ကျပ်ထိ၊ အနိမ့်ဆုံးဈေး ဖြစ်ပေါ်ခဲ့ပါတယ်။ ရန်ကုန်အဝယ်မရှိပေမယ့် ဒေသတွင်း ကုန်သည်အချင်းချင်း၊ ဝယ်ရောင်း သမားတွေ အပြန်အလှန် ရောင်းဝယ် နေကြတဲ့အတွက် တစ်ရက်အိတ် ၁၀၀၀ မှ၂၀၀၀ ကြားအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ကုန်သည် တချို့က ဆိုပါတယ်။ ဒီရက်ပတ်အတွင်း ရန်ကုန် ကို ငုံနီ တင်ပို့စီးဆင်းမှုမရှိခဲ့ဘူးလို့ ကုန်စည်ပို့ဆောင်ရေး ရပ်ကွက်က သိရ ပါတယ်။ ဇူလိုင်လ တစ်လလုံး ဈေးစွာခဲ့တဲ့ စွန်တာနီ ပဲဈေးကွက်လည်း ယခု တစ်ပတ်မှာ ရန်ကုန်အဝယ်ပါးသွားလို့ ဝယ်လိုအားထက် ရောင်းလိုအား များ လာတဲ့အတွက် ကျဈေးဖြစ်ပေါ်ခဲ့ရာ တစ်တင်း ၁၈၇၀၀ ကျပ်သာ ပေါက် ဈေးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ အရောင်း အဝယ်အားဖြင့်လည်း တစ်ရက်အိတ် ၃၀၀ မှ ၅၀၀ ကြားထိ ကျဆင်းသွား တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်အနေနဲ့ ဝယ်လိုအားရှိပြီး၊ ကုန်သည်လက်ဝယ် လက်ကျန်မရှိတဲ့ ပဲအချို့တက်ဈေးဖြစ်ခဲ့ပြီး၊ လက်ကျန် များပေမယ့် ဝယ်လိုအားနည်းတဲ့ ပဲ အများစု ကျဈေးဖြစ်ခဲ့သလို အရောင်း အဝယ်ပါးကာ အေးသွားခဲ့တယ်လို့ ဒိုင် ရပ်ကွက်က ကြားသိရပါတယ်။ထွန်းလှိုင် - မုံရွာ