မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင် လ ၂၄ ရက်မှ ၃၀ ရက်အတွင်းကန်ဒေါ်လာ ၃ဒသမ ၉၄၂ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၄၆၃၈ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၇ သန်းဖိုးရှိ (လုံးခြမ်း) တန် ၅၀ ကျော်ကို တင်ပို့နိုင်ခဲ့သလို ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေး စခန်းမှ လည်း ကန်ဒေါ်လာ သုည ဒသမ ၉၆၀ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၁၁၂၉ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။
ယခင်အပတ်က မူဆယ်မှ လုံးပြည့် ၇၆၁၄ တန်နီးပါးနဲ့ လုံးခြမ်းတန် ၁၇၀၊ ချင်းရွှေဟော်မှလုံးပြည့် ၂၅ တန်ခွဲတင်ပို့ ခဲ့တာကြောင့် ယခု အပတ်မူဆယ်မှ ပဲတီစိမ်းတင်ပို့မှုလျော့နည်းခဲ့ပါတယ်။ တရုတ်နယ်စပ်မှ ဇူလိုင်လ တစ်လလုံး တင်ပို့ခဲ့တဲ့ ပဲတီစိမ်းလုံးပြည့်တန်ချိန် ၂၅၃၉၅ တန်ကျော်နဲ့ လုံးခြမ်း ၃၉၉ တန်ရှိခဲ့ပါတယ်။ ရာသီဥတုသင့်တင့် မျှတခဲ့လို့ ပဲတီစိမ်းအရည်အသွေး ကောင်းပြီး မန္တလေးဝယ်လက် ဆွဲအားကောင်းနေပါတယ်။ ယခင်နှစ်ကာလတူ ဈေးနှုန်း ထက်ဈေးကောင်းရပြီး အရောင်းအဝယ်သွက်နေတာကြောင့် မူဆယ် ကုန်စည်ဒိုင်မှာ ယခင်အပတ်က တစ်တန်ကို ၈၄၅၄၁၉ ကျပ်ဈေးရှိရာမှ ယခုအပတ် ၈၄၆၂၂၁ ကျပ်ထိဈေးမြင့်တက်လာတာတွေ့ရပါတယ်။ တစ်ဖက်နိုင်ငံဈေးကတော့ တစ်တန်ကို ၈၈၁ ယွမ်ဈေးရှိပါတယ်။ မော်မော်အောင် MIRT (DCCA)