Main menu

Background

အရည်အသွေးကောင်းတဲ့ ရှမ်းပဲပုပ်များဈေးကွက်မှာ အရောင်းအဝယ် ကောင်းနေ

Tue, 08/06/2013 - 11:29 -- ydnar

ရှမ်းပြည်နယ်ရဲ့ အမှတ်တံဆိပ်လို့ ပြောရမယ့် ရှမ်းပဲပုပ်(မိုးပဲပုပ်)ကလည်း ဈေးကွက်ကိုဝင်လာပါပြီ။ ရှမ်းပဲပုပ် ကိုတော့ တောင်ကြီးခရိုင်၊ လွိုင်လင် ခရိုင်၊ လင်းခေးခရိုင်က မြို့နယ်တွေမှာ အကုန် စိုက်ပျိုးကြပါတယ်။ အများဆုံး စိုက်တာကတော့ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ လွိုင်လင်ခရိုင် လင်း ခေးမြို့နယ်၊ လင်းခေးခရိုင် မိုးနဲတို့ဖြစ် ပါတယ်။

ရှမ်းတောင်ရဲ့ တစ်ပြည်နယ် လုံး စိုက်ဧကက ၈၁၄၂၈ ဧက စိုက်ပျိုး တဲ့ သီးနှံဖြစ်ပါတယ်။ ဒီနှစ်ထွက်တဲ့ မိုးပဲပုပ်က အရည်အသွေး တော်တော် ကောင်းပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က ပဲပုပ်တွေရိတ်သိမ်းချိန်မှာ မိုး မိခဲ့လို့ အစက်အပြောက်နဲ့ ခရမ်းစွဲတွေ ကြောင့် အရည်အသွေး မကောင်း၊ ဈေး ကလည်း မကောင်းခဲ့ပါဘူး။ ဒီနှစ်ထွက် ပဲပုပ်စေ့တွေကိုတော့ ပြည်တွင်းသုံး အတွက်သာ ဝယ်ယူမှုရှိနေပါတယ်။ ရန်ကုန်ဝယ်လက်တွေက အဓိက ဝယ် နေပြီး၊ ပဲနို့ရည်၊ ပဲပြား၊ ပဲငပိစတာတွေ ပြုလုပ်ဖို့ ဝယ်ကြတယ်လို့လည်း သိရပါ တယ်။ ဒေသတွင်းမှာလည်း ပဲပုပ်ချပ်၊ ပဲပြား၊ ပဲပုပ်စေ့ လှော်ဖို့အတွက် ဝယ်ယူ နေတာကြောင့် အရောင်းအဝယ်က လည်းသွက်နေပါတယ်။ အရည်အသွေး ကောင်းတာကို ရန်ကုန်ကိုပို့ပြီး၊ အရည် အသွေး သိပ်မကောင်းတာကို ဆီကြိတ် သမားတွေက ဝယ်ယူကြပါတယ်။ ဒါ ပေမယ့် ဒီနှစ် ပဲပုပ်က ဈေးကောင်းတာ ကြောင့် ဆီကြိတ်သမားတွေလည်း သိပ် မဝယ်နိုင်ကြပါဘူး။ မိုးပဲပုပ်က ဈေး ကွက်မှာ တစ်ပိဿာ ၉၇၀ ကျပ်နဲ့ ဝယ် ယူပြီး၊ တစ်ပိဿာကို ၁၀၁၀ ကျပ် - ၁၀၂၀ ကျပ်နဲ့ ပြန်ပြီးအရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲပုပ်စေ့ အစိမ်းကို လှော်ပြီး ရောင်းရာမှာ တစ် ပိဿာ ၂၅၀၀ ကျပ် - ၃၀၀၀ ကျပ်ဈေး ရှိပြီး၊ ခေါင်တိုင်ဒေသက ထုတ်လုပ်တဲ့ ပဲပုပ်စေ့လှော်ကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ အောင်ပန်းဈေးကွက် မှာတော့ ပဲပုပ်စေ့က တစ်ပိဿာ ၁၀၅၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ဧဧခိုင် - တောင်ကြီး