Main menu

Background

ပဲဝင်ရောက်မှုများလို့ အိန္ဒိယကုလားပဲလက်ငင်းဈေးကျ

Tue, 09/14/2010 - 04:56 -- Anonymous (not verified)

 ပဲဝင်ရောက်မှုများလို့ အိန္ဒိယကုလားပဲလက်ငင်းဈေးကျ    အိန္ဒိယနိုင်ငံ ဒေလီလက်ငင်းဈေးကွက်ကို စက်တင်ဘာလ ၉ ရက်အတွင်း မော်တော်ကား အစီး ၃ဝ ဝန်းကျင်ထိ ပဲဝင်ရောက်လာတာကြောင့် တစ်တန်ကို ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၄၁) လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ရာဂျက် စသန်၊ ကန်တီဝါလာ ကုလားပဲဈေးဟာ တစ်တန်ကို ရူပီး ၂၂၂၅ဝ  (ကန်ဒေါ်လာ ၄၈၁) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။    NCDEX ကြိုပွိုင့်ဈေးကွက်မှာ စက်တင်ဘာလဈေးဟာ တစ်တန်ကို ရူပီး ၂၂ဝဝဝ (ကန်ဒေါ်လာ ၄၇၆) နီးပါးဈေးဖြစ်ခဲ့ပါတယ်။ ကာလရှည်မှာတော့ မိုးရွာသွန်းနေခြင်းက ဆောင်းသီးနံှစိုက်ပိုျးဖို့ အစိုဓါတ်ရရှိစေတာကြောင့် အထွက် ပိုမယ့် မျှော်လင့်ချက်များက ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေနိုင်ပါတယ်။ စတုတ္ထ အကြိမ်ခန့်မှန်းချက်အရ ၂ဝဝ၉-၂ဝ၁ဝ အတွင်း ကုလားပဲထုတ်လုပ်မှုဟာ တန်ချိန် ၇ ဒသမ ၃၅ သန်းခန့်ရှိလို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၇ ဒသမ ဝ၆ သန်းထက် ပိုမိုတယ်လို့ ဆိုပါတယ်။ယမင်းခင်၊ှSources: commodityonline