Main menu

Background

ရှမ်းနနွင်းကတော့ လက်ကျန်များနေ

Tue, 08/06/2013 - 12:07 -- ydnar

ဒီနှစ်က နနွင်းအရောင်းအဝယ်မကောင်းတာကြောင့် နနွင်းတောင်သူတွေက ကုန်စိမ်းလိုင်းကိုပြောင်းပြီး၊ အရောင်း အဝယ်လုပ်နေရပါတယ်။ ပြည်တွင်းကတော့ ပုံမှန်ဝယ်ယူ နေပေမယ့် ပြည်ပဝယ်လိုအားမရှိတာကြောင့် ဖြုန်းအားက မကောင်းပါဘူး။ လက်ကျန်တွေလည်း အတော်များများ ကျန် နေပါသေးတယ်။ ဟိုပုံးနနွင်းလည်း နှစ်စပိုင်းမှာ မူဆယ် ဝယ် လက်တွေက မဖြစ်စလောက်သာ အဝယ်ရှိခဲ့ပါတယ်။

ပြည်ပ ဝယ်လိုအားမရှိပေမယ့် နနွင်းဈေးက ယခင်နှစ်တွေကလို တစ် ပိဿာ ၄၀၀ ကျပ် - ၅၀၀ ကျပ်အထိတော့ မကျသွားသေးပါ ဘူး။ တစ်ပိဿာကို အနိမ့်ဆုံး ၆၀၀ ကျပ်မှ ၁၃၀၀ ကျပ်ဈေး အထိတော့ ရှိနေပါသေးတယ်။ ချင်း(စို)ဈေးကောင်းလို့ နနွင်းနဲ့ ချင်းခြောက်ကို ဝယ်ပြီး၊ လှောင်နေတဲ့လှောင်လက်တွေက လည်း ချင်းခြောက်နဲ့ နနွင်းဈေးက ထင်သလောက်မတက် လာသလို ဝယ်လိုအားကလည်း မရှိတာကြောင့် ဝယ်လိုအား ကောင်းအောင်ပဲစောင့်နေရတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် နနွင်းဈေးက အောင်ပန်းနနွင်းက ၇၀၀ ကျပ် - ၈၀၀ ကျပ်၊ ဆင်တောင်နနွင်းကတော့ အရည်အသွေးကောင်းရင် ကောင်း သလို တစ်ပိဿာ ၁၀၀၀ ကျပ် - ၁၁၀၀ ကျပ်ဈေးရှိပြီး၊ ဟိုပုံးနနွင်းက တစ်ပိဿာ ၇၀၀ ကျပ် ပတ်ချာလည် ရှိတယ်လို့ သိရပါတယ်။                     ဧဧခိုင် - တောင်ကြီး