Main menu

Background

ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ပရဆေးကုန်ကြမ်း ၇၆၅ တန်ကျော် တင်ပို့

Tue, 08/06/2013 - 12:07 -- ydnar

ဇူလိုင်လ ၂၄ ရက်မှ  ၃၀ ရက်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော် ကူးသန်း ရောင်းဝယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၈၉၆ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၇၆၅ တန် တင်ပို့မှုရှိခဲ့ပါ တယ်။ ယခင်အပတ်ကထက် ၁၈၅ တန်ကျော်တင်ပို့မှု လျော့ နည်းခဲ့ပါတယ်။

ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်မှ တောင် လုံးကျော်၊ ရွေးရွက်၊ ကြောင်လျှာစေ့နဲ့ ချဉ်ပေါင်ဖာလာ (အခွံမပါ) တို့တင်ပို့မှုပိုမိုခဲ့ပြီး၊ ကြက်ဆူစေ့၊ မိကျောင်းကွမ်း ဖတ်စေ့၊ ဝဥခြောက်၊ စကားပန်းပွင့်ခြောက်၊ ကြောင်ပန်းစေ့၊ ဒရင်ကောက်မြစ်နဲ့ ကွမ်းသီးခွံတို့မှာတင်ပို့မှု လျော့နည်းခဲ့ပါ တယ်။ ယခင်အပတ်က တင်ပို့မှုမရှိသော ဆီးဆံ၊ နေလဲစေ့၊ တောဂျင်း၊ ရှိန်းခိုနဲ့ရှားစေးတို့ကိုလည်း ယခုအပတ်မှာတင်ပို့မှု ရှိခဲ့ပါတယ်။ ချင်းရွှေဟော်မှ ယခုအပတ်မှာ ဒရင်ကောက် တစ်မျိုးတည်း တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၄၀၀ တန်ဖိုးရှိ တောင်လုံးကျော် ၂ တန်နီးပါးတင်သွင်းနိုင်ခဲ့ ပါတယ်။ ဇူလိုင်လတစ်လလုံးမှာ ကူးသန်းရောင်းဝယ် ရေး စခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၁၃၄ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၄၄၁၄ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး၊ ကန် ဒေါ်လာ သုည ဒသမ ၀၂၀ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၂၁ တန်ကျော်ကိုတင်သွင်းနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ခင်ကလျာဦး MIRT ( DCCA )