Main menu

Background

ဓာတ်ဆီ၊ဒီဇယ်ဆီဈေးနှုန်းများ (5-8-13)

Tue, 08/06/2013 - 12:10 -- ydnar

ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်တန်ချိန် နှစ်သောင်းတစ်ထောင်ကျော်နဲ့ ဓာတ်ဆီတန်ချိန် ခုနှစ်ထောင်ကျော်ဝင်
ဇူလိုင် ၂၁ ရက်မှ ဇူလိုင်လ ၂၇ ရက်အတွင်း ဓာတ်ဆီတန်ချိန် ခုနှစ်ထောင် ခြောက် ရာ ခြောက်ဆယ့်ခြောက်တန်ကျော်နဲ့ ဒီဇယ်တန်ချိန် နှစ်သောင်းတစ်ထောင် သုံးရာတန်ကို  တင်သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ယခင်တစ် ပတ်ဓာတ်ဆီအဝင် ကတန်ချိန်လေးထောင်လေးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာတန်ချိန် သုံးထောင်ခြောက်ဆယ်ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။

ဒီဇယ် ကယခင်တစ်ပတ်မှာ တန်ချိန်တစ်သောင်းခြောက်ထောင်ကျော်အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ငါးထောင်တစ်ရာ အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။      ပြည်တွင်း ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ  ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့အ တွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက ဒီတစ်ပတ် မှာ မန္တလေး၊ တောင်ကြီးမှာ ဈေးငြိမ်နေပြီး ရန်ကုန်မှာ ဒီဇယ်၊ အောက်တိန်း ဈေးငြိမ် နေသော်လည်း အဆင့်မြင့်ဒီဇယ်ဈေးမှာ ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ မော်လမြိုင်မှာ ဓာတ်ဆီ၊ ဒီဇယ်၊ အောက်တိန်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာပြင်ပမှာလက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီ ဈေးများ မှာ ရန်ကုန်မှာ ဓာတ်ဆီ ဝယ်ဈေး၊ ရောင်းဈေး ဈေးကျလာပေမဲ့ ဒီဇယ်က ဝယ်ဈေး၊ ရောင်းဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ မန္တလေးမှာ ဒီဇယ်ဝယ်ဈေး၊ ရောင်းဈေး ငြိမ်နေပေမဲ့ ဓာတ်ဆီဈေးက အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေးငြိမ်နေပေမဲ့ အောက်တိန်းနဲ့ အဆင့်မြင့်ဒီဇယ်ဈေးမှာ ဒီတစ်ပတ်မှာ လည်း ယခင်တစ်ပတ်ဈေးထက် ဈေးအနည်းငယ်မြင့်လာတယ် လို့သိရပါတယ်။ တစ်လီတာနှုန်းကိုတစ်ဆယ်ကျပ်ဈေးမြင့်ရောင်းချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံး ဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာဓာတ်ဆီတစ်လီတာ၈၁၄ကျပ်၊ ဒီဇယ် ၉၂၀ ကျပ်၊ အောက်တိန်း ၉၂၀ ကျပ်နဲ့အဆင့်မြင့်ဒီဇယ် ၉၄၀ကျပ်နဲ့ ရောင်း ချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းချနေ တဲ့ဆိုင်များမှာဓာတ်ဆီဝယ်ဈေး၊ ရောင်းဈေး အနည်းငယ်ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီဇယ်ဈေးကတော့ငြိမ်နေ တယ်လို့သိရပါတယ်။ဓာတ်ဆီ က ဇူလိုင်လ ၂၉ ရက်မှာ တစ်ပီပါ ဝယ်ဈေး၂၁၇၀၀၀ ကျပ်၊ ရောင်းဈေး ၂၂၀၀၀၀ ကျပ်ဈေးရှိခဲ့ရာမှ သြဂုတ် လ ၂ ရက်နေ့မှာ ဝယ်ဈေး တစ်ပီပါ ၁၉၅၀၀၀ ကျပ်၊ ရောင်းဈေး ၂၁၅၀၀၀ကျပ်ထိဈေးကျပြီးအရောင်းအဝယ် ဖြစ်တယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေးဈေးကွက်မှ သိရပါတယ်။ ဒီဇယ်ဈေးမှာ ဇူလိုင်လ၂၉ ရက်နေ့မှာ ဝယ်ဈေး ၁၉၃၀၀၀ ကျပ်၊ ရောင်းဈေး တစ်ပီပါ ၁၉၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတာက သြဂုတ်၂  ရက်နေ့ထိ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၁၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၄၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလံ ၃၇၀၀-၃၈၀၀ကျပ်ဝယ်ပြီး ၃၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ဓာတ်ဆီ၊ဒီဇယ်အရောင်း အဝယ်သမားတစ်ဦးထံမှ စုံစမ်း သိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဒီဇယ်၊ဓာတ်ဆီဈေးမှာလည်း ငြိမ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ယခင်တစ်ပတ် ဈေးဖြစ်တဲ့ ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၉၀၀ကျပ်နဲ့ ရောင်းချ နေပါတယ်။ ပြင်ပလက်လီဆိုင်များမှာတော့ ဒီဇယ်ဝယ်ဈေးက ဈေးလျော့အဝယ်ရှိ ပေမဲ့ ရောင်းဈေးက ငြိမ်နေတယ်လို့သိရပါတယ်။  ဒီတစ်ပတ်မှာ ဓာတ်ဆီဈေးက ဝယ်ဈေး၊ ရောင်းဈေး ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပြင်ပလက်လီ ဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီ တစ်ဂါလန်ဝယ်ဈေး ၄၂၀၀ ကျပ်  ရောင်းဈေး ၄၄၀၀ ကျပ် ဖြစ်ပြီး ၊ဒီဇယ်က ဝယ်ဈေး ၃၈၀၀ ကျပ်၊ ရောင်း ဈေး ၄၀၀၀ ကျပ် ဈေးနဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ဒီဇယ်ဈေးငြိမ်နေသ လို ပြင်ပလက်လီဆိုင်များရဲ့ ဈေးမှာလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ်၊ အောက်တိန်း၄၃၀၀ ကျပ်နဲ့ရောင်းချပါတယ်။ ဒီတစ်ပတ် ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ် ၊ အောက်တိန်း ၄၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိ ရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးမှာငြိမ်နေသလို ပြင်ပလက် လီဆိုင်များမှာ ရောင်းချနေတဲ့ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ လည်းငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးကဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင် များမှာ ဓာတ်ဆီတစ်ဂါလန် ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်နေတယ်လို့ သိရှိရပါတယ်။                                 MIRT-DOT