Main menu

Background

ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာ ပို့ကုန်ရငွေများပါ ဈေးနှုန်းကျဆင်းလာ၍ ပို့ကုန်လုပ်ငန်းရှင်များ အခက်ကြုံ

Tue, 08/06/2013 - 12:13 -- ydnar

ယခုတစ်ပတ်အတွင်း ပြည်တွင်း ငွေလဲနှုန်းများ ကျဆင်းလာကြောင်း သိ ရသည်။ ငွေလဲစင်တာများရှိငွေလဲနှုန်း များသာမက ပြင်ပငွေဈေးကွက်အတွင်း ရှိ ငွေလဲနှုန်းများပါ ကျဆင်းလာ ကြောင်း သိရသည်။ယင်းကဲ့သို့ငွေလဲနှုန်းများကျဆင်း  လာမှုနှင့်အတူ ပို့ကုန်ရငွေ (Export Money)  များပါ ဈေးနှုန်းကျဆင်းလာ မှုတို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်များ အခက်ကြုံနေကြရကြောင်း သိရသည်။

“ငွေလဲနှုန်းကျတာနဲ့အတူ Export Money ကပါ လိုက်ပြီးကျ လာတယ်။ အဲဒီလိုကျလာတဲ့အတွက် ပို့ကုန်သမားတွေမှာ အများကြီးထိခိုက် တယ်။ တစ်ဒေါ်လာကို ကျပ် ၃၀ပဲကျ ဦးတော့။ ဒေါ်လာတစ်သိန်းဆိုရင် သိန်း ၃၀ နစ်နာသွားပြီ။ ငွေလဲနှုန်းမတည်ငြိမ် ရင်တော့ ကုန်သည်အများစုပဲ အဓိက နစ်နာမှာပဲ”ဟု အဏ္ဏဝါဒေဝီပင်လယ် ငါးဖမ်းလုပ်ငန်းသမဝါယမအသင်းလီမိ တက်မှ ဒေါ်တိုးနန္ဒာတင်က ပြောကြား ခဲ့သည်။သြဂုတ်လ ၂ရက်နေ့က ငွေလဲ စင်တာများတွင် အမေရိကန်တစ် ဒေါ်လာလျှင် ရောင်းဈေး ၉၇၉ကျပ်၊ ဝယ်ဈေး ၉၆၉ကျပ်ရှိနေပြီး ဇူလိုင်လ ၂၉ရက်နေ့ကမူ ရောင်းဈေး ၉၈၂ကျပ်၊ ဝယ်ဈေး ၉၇၂ကျပ်ရှိကြောင်း သိရ သည်။ပြင်ပငွေဈေးကွက်တွင်မူ ဇူလိုင် လ ၂၉ရက်နေ့က ရောင်းဈေး ၉၇၇ ကျပ်၊ ဝယ်ဈေး ၉၇၅ကျပ်ရှိပြီး သြဂုတ် လ ၂ရက်နေ့တွင် ရောင်းဈေး ၉၇၃ ကျပ်၊ ဝယ်ဈေး ၉၇၁ကျပ်ရှိခဲ့ကြောင်း သိရသည်။ပြင်ပငွေဈေးကွက်ရှိဈေးနှုန်းများ နှင့်စင်တာများရှိငွေဈေးများမှာ ကွာဟ မှုနည်းပါးလာကြောင်း သိရသည်။“ငွေဈေးနှုန်းကို တည်ငြိမ်စေချင် ပါတယ်။ ငွေဈေးတည်ငြိမ်မှ အလုပ် လုပ်ရတာလည်း ငြိမ်သက်မှုရှိသလို ပိုပြီးတော့လည်း အဆင်ပြေမယ်။ ငွေ ဈေးက တက်လိုက်ကျလိုက်နဲ့ဆိုရင် ငွေ ဈေးအတက်နဲ့မိတဲ့အခါဆိုရင်တော့  အဆင်ပြေနိုင်ပေမယ့် ငွေဈေးကျတဲ့ အခါဆိုရင်တော့ဘယ်လိုမှအဆင်မပြေ မှာမဟုတ်ပါဘူး။ အဲဒီအခါကျရင်ကုန် သည်တိုင်းလိုလို အရှုံးနဲ့ရင်ဆိုင်ကြရ တာပဲ”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။မယ်သီတာ