Main menu

Background

မြန်မာ့ရွှေဈေး ပြန်လည်ကျဆင်းလာပြန်

Tue, 08/06/2013 - 12:15 -- ydnar

မြန်မာ့ရွှေဈေးသည် ယခုတစ် ပတ်အတွင်း ပြန်လည်ကျဆင်းလာခဲ့ ကြောင်း သိရသည်။နယ်စပ်မှရွှေများဝင်ရောက်လာ မှုနှင့်အတူ ရေကြီးနစ်မြုပ်မှုများ ရှိနေ ခြင်းကြောင့် အရောင်းအဝယ်များ ပါး လာပြီး ရွှေဈေးများ ကျဆင်းလာရခြင်း ဖြစ်ကြောင်းရွှေကုန်သည်အသိုင်းအဝိုင်း မှ သိရှိရသည်။

ပုံမှန်အတိုင်းဆိုလျှင် မြန်မာ့ရွှေ ဈေးကွက်သည် ဝါတွင်းကာလတွင် ဈေးတက်လေ့ရှိသော်လည်း ယခုအခါ တွင် နယ်စပ်မှ ရွှေများ စီးဝင်မှုများလာ ခြင်းတို့ကြောင့် ရွှေဈေးများ ကျဆင်း လာရခြင်းဖြစ်ကြောင်း ရွှေကုန်သည် တစ်ဦးက ဆိုသည်။“နယ်စပ်ကရွှေတွေ လှိမ့်ဝင်နေ တယ်။ တရုတ်မှာကစီးပွားရေးမကောင်း  တော့ ရွှေတွေထုတ်ရောင်းနေတယ်လို့ ထင်တယ်။ ခါတိုင်းလည်း ဒီလိုပဲ နယ် စပ်က ရွှေတွေ ဝင်တာပဲ။ ဒီတစ်ခါ ဝင် တာပိုများလာတယ်လို့ထင်တယ်။ ပုံမှန် အတိုင်းဆိုရင် ဝါတွင်းကာလဆို ဈေး ကတက်နေကြပဲ။ ခုတော့ ဈေးက ကျ ပြီးရင်းကျဆိုသလိုပဲ။ တက်မယ်ကြံသေး ခုတစ်ပတ်မှာကျသွားပြန်ပြီ။ ရွှေဝယ် ရောင်းသမားတွေ ဒုက္ခရောက်တာပေါ့။ ဒီနေ့ဆိုရင် ၆၈ စွန်းစွန်းပဲရှိတော့တယ်” ဟု ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေ ဈေးပေါ်တွင်တည်မီ၍ လိုက်ပါပြောင်း လဲနေမှုကြောင့်လည်း ယင်းသို့ဖြစ်ရ ကြောင်း ၎င်းင်းက ပြောကြားခဲ့သည်။မြန်မာ့ရွှေဈေးသည် ဇူလိုင်လ ၂၉ ရက်နေ့က ကျပ် ၇သိန်းနီးပါးရှိခဲ့ ရာမှ သြဂုတ်လ ၁ရက်နေ့တွင် ကျပ် ၆၉၈၇၀၀ သို့ ကျဆင်းခဲ့သည်။ ထို့ နောက် သြဂုတ်လ ၂ရက်နေ့တွင် ကျပ် ၆၈၇၅၀၀ အထိကျဆင်းခဲ့ရာ တစ်ပတ် အတွင်း ကျပ် ၁၃၀၀၀ ကျော် ကျဆင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ကမ္ဘာ့ရွှေဈေးကွက်တွင်လည်း ဈေးများကျဆင်းလျက်ရှိရာ ဇူလိုင် ၂၉ ရက်နေ့က ၁၃၂၈ဒေါ်လာရှိခဲ့ရာမှ သြ ဂုတ်လ ၂ရက်နေ့တွင် ၁၂၈၇ဒေါ်လာ သာရှိခဲ့သည်။            မယ်သီတာ