Main menu

Background

ပြည်ကုလားပဲဈေး အနည်းငယ်လှုပ်

Tue, 09/14/2010 - 05:11 -- Anonymous (not verified)

 ပြည်ကုလားပဲဈေး အနည်းငယ်လှုပ်     ပြည်ကုလားပဲဈေးမှာ ယခင်အပတ်က တစ်တင်း ၂ဝ၂ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ရာမှ ယခုစက်တင်ဘာ ဒုတိယပတ်မှာ ၂ဝ၃ဝဝ ကျပ်ဖြင့် ဈေး အနည်းငယ်မြင့်လာပါတယ်။ လှောင်လက်သမားများမှ အဝယ်အနည်းငယ်ရှိလာပြီး အမှုန့်ကြိတ်စက်သမား များမှလည်း အမှုန့်ရောင်းအားကောင်းလို့ ပဲအဝယ် လိုက် ခဲ့ပါတယ်။ ပြည်မှရန်ကုန်သို့ ကုလားပဲအိတ် ၆၅ဝ တင်ပို့ ရောင်းချခဲ့ရပြီး တိုင်း အတွင်းမှာ နေ့စဉ်အိတ် ၁၅ဝ ခန့် အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။လွင်လွင်ဆန်း