Main menu

Background

ပင်လယ်ရေကြောင်းက ပဲယင်းအပို့နည်း

Tue, 09/14/2010 - 05:19 -- Anonymous (not verified)

 ပင်လယ်ရေကြောင်းက ပဲယင်းအပို့နည်း     ပင်လယ်ရေကြောင်းက ပဲယင်းတင်ပို့မှုအနေနဲ့ သြဂုတ်လတင်ပို့မှုကို ကြည့်မယ်ဆိုရင် ၂ဝဝ၉ ခုနှစ်မှာ  တန်ချိန် ၅၉ဝ ခန့်တင်ပို့ခဲ့ပြီး ယခုနှစ် သြဂုတ်လမှာ တန်ချိန် ၃၃ဝ ခန့်ကို လျော့ကျလာတာတွေ့ရပါတယ်။ ယခုနှစ်ဇူလိုင်လ တင်ပို့မှုတန်ချိန် ၃၆ဝ ခန့်ရှိလို့ ဇူလိုင်လထက်လည်း သြဂုတ်လမှာ လျော့နည်းတင်ပို့ခဲ့ပါတယ်။ အပတ်စဉ်တင်ပို့မှုအနေနဲ့ စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အထိ တစ်ပတ် အတွင်း တန်ချိန် ၂၂ဝ ခန့်တင်ပို့မှု ရှိခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၈ဝ ရှိတယ်လို့ သိရပါတယ်။                                                                                 MIRT - MAPT