Main menu

Background

ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေတဲ့ ကမ်းနားပဲကြီး

Tue, 09/14/2010 - 05:25 -- Anonymous (not verified)

 ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေတဲ့ ကမ်းနားပဲကြီး    ပြည်ဈေးကွက်မှာယခုတစ်ပတ် ပဲကြီးဈေးနှုန်းအနေဖြင့် ပဲကြီး (ကမ်းနား) အချောစတစ်တင်းလျှင် ၂၉၅ဝဝ ကျပ်နဲ့ အရည် အသွေးညံ့လျှင် ၂၇၅ဝဝ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်အပတ်က ပဲကြီး (ရွှေကျွန်း) မှာ အနည်းငယ် အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ ပဲကြီး (ကမ်းနား)သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ သြဂုတ်လဒုတိယပတ်တွင် ပဲကြီး (ကမ်းနား) အချောစမှာ တစ်တင်းလျှင် ၃၁ဝဝဝ ကျပ်ဈေးရှိခဲ့ပြီး၊ သြဂုတ်လတတိယပတ်မှစ၍ ၂၉၅ဝဝ ကျပ်သို့ ဈေးကျသွားခဲ့ကာ ယခု စက်တင်ဘာ ဒုတိယပတ်အထိ ၎င်းဈေးအတိုင်း ဈေးအပြောင်းအလဲမရှိဘဲ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြော်၊ ပဲလှော်ဖိုသမားများ ပုံမှန် အဝယ်ရှိတာကြောင့် တစ်ရက်လျှင် အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                     ခင်ဆွေဝင်း