Main menu

Background

ပဲလွန်းဖြူတင်ပို့မှု ဇူလိုင်လထက် သြဂုတ်လမှာလျော့လာ

Tue, 09/14/2010 - 05:43 -- Anonymous (not verified)

 ပဲလွန်းဖြူတင်ပို့မှု ဇူလိုင်လထက် သြဂုတ်လမှာလျော့လာ    ပင်လယ်ရေကြောင်းက နိုင်ငံစုံကို ပဲလွန်းဖြူတင်ပို့ရာမှာ ဇူလိုင်လက တန်ချိန် ၂၈ဝဝ ကျော်ထိ တင်ပို့ခဲ့ရာမှ သြဂုတ်လမှာတန်ချိန် ၁၁ဝဝ ခန့်ကို လျော့ကျလာတာတွေ့ရပါတယ်။ ဒါ့အပြင် ၂ဝဝ၉ ခုနှစ် သြဂုတ်လ တင်ပို့မှုတန်ချိန် ၁၅ဝဝ ထက်လည်း ယခုနှစ်ကာလတူမှာ လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ အပတ်စဉ် တင်ပို့မှုအနေနဲ့ ယခုတစ်ပတ် (စက်တင်ဘာလ ၂ ရက်မှ ၈ ရက်)အတွင်းမှာတော့ တန် ချိန် ၆၈ဝ ခန့်ထိ စံချိန်ထက် တင်ပို့လာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၂၅ဝ ခန့်သာတင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ်မှာ ၂ ဆ ကျော် ပိုတင်လာတာတွေ့ရပါတယ်။     ရန်ကုန်  FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ စက်တင်ဘာ ၉ ရက်မှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ-၇၉ဝ၊ SQ တစ်တန် ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဈေးရှိပြီး အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ရူပီး ၄၈၅ဝဝ (ကန်ဒေါ်လာ ၁ဝ၃၆) ဈေးရှိတယ်လို့ သိရပါတယ်။                                                                            MIRT - MAPT