Main menu

Background

ဇူလိုင်လအတွင်း နှမ်းတင်ပို့မှု ပိုမို

Wed, 08/14/2013 - 12:57 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက် အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉၅၉ သန်းတန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၁၅၃၈ တန်နဲ့ကန်ဒေါ်လာ သုည ဒသမ ၃၄၉ သန်းတန်ဖိုးရှိတဲ့ နှမ်းဖြူ (အခွံချွတ်) ၁၇၈ တန်နီးပါးကို တင်ပို့ခဲ့ပါတယ်။

တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေကတော့ နှမ်းနက် ၈၉၅ တန်ကျော်၊ နှမ်းညို တန် ၄၇၀ နဲ့ နှမ်းဖြူ ၁၇၂ တန်ခွဲတို့ဖြစ်ပါ တယ်။ ယခင်အပတ်က နှမ်းနက် ၈၅၃ တန်ကျော်၊ နှမ်းညို ၉၇၀ တန်နဲ့ နှမ်းဖြူ ၄၁၉ တန်ကျော် တင်ပို့ခဲ့လို့ ယခု အပတ် မူဆယ်မှ နှမ်းတင်ပို့မှုတန်ချိန် ၇၀၀ လျော့နည်းခဲ့ပါတယ်။ ယခင် အပတ်ကတင်ပို့မှုမရှိခဲ့တဲ့ ချင်းရွှေဟော် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၀၉၅ သန်း တန် ဖိုးရှိတဲ့ နှမ်းညို ၅၉ တန်ခွဲနဲ့ ကန်ဒေါ် လာ သုည ဒသမ ၀၆၀ သန်း တန်ဖိုးရှိတဲ့ နှမ်းနက် ၃၁ တန်ခွဲ ယခုအပတ်မှာ တင် ပို့ခဲ့တာ တွေ့ရပါတယ်။  မူဆယ် ရွှေလီ နှစ်နိုင်ငံနှမ်းဈေးတွေကို ယခင်အပတ် နဲ့နှိုင်းယှဉ်ပါက နှမ်းဖြူဈေးအနည်း ငယ် လျော့ကျခဲ့ပြီး နှမ်းနက်ဈေးကတော့ သိသာတဲ့ ပြောင်းလဲမှု မရှိခဲ့ပါဘူး။ မိတ္ထီလာမြို့နယ် ကျေးရွာဒေသအချို့မှာ မိုးမရွာလို့စိုက်ပျိုးပြီး အောင်မြင်လုနီးပါး နှမ်းစိုက်ခင်းများ ပျက်စီးကာ အခြား သီးနှံများ စိုက်ပျိုးရန်အတွက် တောင်သူ များ အခက်တွေ့နေကြောင်း၊ ဝါခေါင် လဆန်းပိုင်းက နှမ်းပင်တွေ ထိုးထိုး ထောင်ထောင်နဲ့ အောင်မြင်နေပြီး အဲဒီနောက်ပိုင်း မိုးရွာမှုမရှိတော့လို့ နှမ်း ပင်တွေ ပြန်ငိုက်ကျသွားကြောင်း၊ တချို့ နှမ်းခင်းတွေမှာဆိုလျှင် ဘယ်လို့မှ သီးနှံ ထွက်မအောင်နိုင်တော့လို့ နွားစား ကျက်အဖြစ် အခင်းလိုက် နွားစာကျွေး လိုက်ရတယ်လို့ သိရပါတယ်။
 
နှမ်းဖြူ မိမိဘက်(ကျပ်/တန်) ယခု            ယခင်      ပြောင်းလဲမှု    %   ၁၉၀၃၇၁၈    ၁၉၇၅၀၂၀    ၇၁၃၀၂        ၄    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု        ယခင်    ပြောင်းလဲမှု    %၁၉၇၄    ၂၀၅၂         ၇၈            ၄နှမ်းနက် မိမိဘက်(ကျပ်/တန်) ယခု                ယခင်       ပြောင်းလဲမှု    % ၂၀၃၀၃၀၁    ၂၀၂၂၃၀၀        ၈၀၀၀       ၀ .၄   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု      ယခင်      ပြောင်းလဲမှု    %၂၁၅၀    ၂၁၀၁           ၄           ၀ .၂မော်မော်အောင်၊ MIRT (DCCA)