Main menu

Background

ပင်လယ်ငါးဖမ်းအသင်းမှ မြစ်ချောင်းများအတွင်း ငါးမိုျးများစိုက်ထည့်နေ

Tue, 09/14/2010 - 06:08 -- Anonymous (not verified)

 ပင်လယ်ငါးဖမ်းအသင်းမှ မြစ်ချောင်းများအတွင်း ငါးမိုျးများစိုက်ထည့်နေ        ငါးလုပ်ငန်းဦးစီးဌာန၏စီစဉ်မှုဖြင့် သဘာဝရေပြင်များဖြစ်သော မြစ်ချောင်းများအတွင်းသို့ ကကတစ်ငါးမိုျးများကို မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ ဝယ်ယူစိုက်ထည့်ပေးလျက်ရှိသည်။      ''သဘာဝရေပြင်တွေမှာ ငါးဖမ်းဆီးရရှိမှုတွေရှားပါးလာတဲ့အတွက် ငါးမိုျးတွေစိုက်ထည့်ဖို့စီစဉ်ရာက ပင်လယ်ငါးဖမ်း လုပ်ငန်းရှင် များအသင်းက  ကကတစ်သားပေါက်တွေဝယ်ယူပြီး မြစ်ချောင်းတွေထဲ လွှတ်ပေးနေပါတယ်။ သြဂုတ်လ ၂၈ ရက်က ချောင်းသာ-ဥတိုကျေးရွာမှ ကကတစ်ငါးသားပေါက် ငါးသန်အရွယ် ကောင်ရေ  ၂ သန်းခန့် လွှတ်ပေး ခဲ့ပါတယ်။ ငပလီလင်းသာ ကျေးရွာမှာ ကကတစ်ငါးသားပေါက် တစ်သန်းခွဲကို သြဂုတ်လ ၂ဝ ရက်ကလည်း လွှတ်ပေးခဲ့ပါ သေးတယ်။ အခြားငါးတွေထက်က ကတစ်သားပေါက်ကို ရွေးပြီးလွှတ်ပေးရတာဟာ တစ်ချိန်မှာ သဘာဝက ပြန်လည် ဖမ်းဆီးရမိတဲ့အခါ ဈေးကောင်းရနိုင်တဲ့ငါးမိုျးကို လွှတ်ပေးခြင်းဖြင့်  ရေလုပ်သားတွေရဲ့ဝင်ငွေကို တိုးပွားဖို့ ရည်ရွယ်တာ ကြောင့်ပါ '' ဟု ငါးလုပ်ငန်းအဖွဲ့ခုျပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။       အဆိုပါအသင်းအနေဖြင့် ကကတစ်သားပေါက်ကောင်ရေ ၁ဝ သန်းကျော်ကို သဘာဝရေပြင်များထဲသို့ ဝယ်ယူ လွှတ်ပေးရန် စီစဉ်နေကြောင်းသိရသည်။                                                            ခင်မိုျးသွယ်