Main menu

Background

ကချင်ပြည်နယ်ဒေသထွက် ငါးရှဉ့်များလည်း တစ်ဖက်နိုင်ငံသို့တင်ပို့လျက်ရှိ

Tue, 09/14/2010 - 06:31 -- Anonymous (not verified)

 ကချင်ပြည်နယ်ဒေသထွက် ငါးရှဉ့်များလည်း တစ်ဖက်နိုင်ငံသို့တင်ပို့လျက်ရှိ       ကချင်ပြည်နယ်၊ ကာမိုင်း၊အင်းတော်ကြီးဒေသမှ ထွက် ရှိသောငါးရှဉ့်များကို ငွေပင်လယ်မွေးမြူရေးနဲ့ ရေလုပ်ငန်းမှ တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ သမဝါယမ ပို့ကုန်သွင်းကုန်လုပ်ငန်း (CEIE) မှ လည်း စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း၊ ဝန်းသိုဒေသထွက် ငါးရှဉ့်များကို တင်ပို့လျက်ရှိတယ်လို့လည်း သိရပါတယ်။  ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ လအလိုက် ကန်ပိုက်တီး စခန်းမှာ ငါးရှဉ့် တင်ပို့ နိုင်မှုများမှာ ဧပြီလမှာ ၆ ဒသမ ၆ တန်၊ မေလမှာ ၈ ဒသမ ၁၆၉ တန်၊ ဇူလိုင်လမှာ  ၃ ဒဿမ ၈၆၇ တန်နဲ့ သြဂုတ်လမှာ  ၁၆ ဒသမ ၃၂၇ တန် စုစုပေါင်း ၃၄ ဒသမ ၉၆ တန်  တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁ဝဝ၄ဝဝ ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။Source: (ကန်ပိုက်တီး)MIRT (DOBT)