Main menu

Background

ရော်ဘာသားပရိဘောဂပစ္စည်း ပြည်ပတင်ပို့

Wed, 08/14/2013 - 15:20 -- ydnar

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှုအနေဖြင့် ပြည်နယ်၊ တိုင်းဒေသအသီးသီးတွင် စိုက်ပျိုးလျက်ရှိပြီး စက်မှုကုန်ချော သီးနှံအနေနဲ့လည်း တစ်ပင်လုံးအသုံးဝင်သောအပင်ဖြစ်ပါတယ်။

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့မှုမှာ ရော်ဘာစိမ်းအနေဖြင့် လယ်ယာထွက်သီးနံှ ဆန်နှင့် သတ္တုတွင်းထွက် ကျောက်စိမ်းပြီးလျှင် နိုင်ငံ့ဝင်ငွေ အများဆုံးရှာဖွေပေးနေသော ပို့ကုန်အမယ်ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၁၈၀ ဒသမ ၆၉၄ နှင့် ၂၀၁၂-၂၀၁၃ တွင် ၁၇၈ ဒသမ ၄၃၆ ဒေါ်လာသန်း ပြည်ပဝင်ငွေရှာဖွေပေးနိုင်ခဲ့ပါတယ်။ ယခုအခါရော်ဘာစိမ်းထုတ်လုပ်ပြီး ရော်ဘာပင်အိုများအား ခုတ်လှဲ၍ ရော်ဘာသစ်လုံးတိုအနေဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရုံမက စက်မှုကုန်ချောအနေဖြင့် ရော်ဘာသားဖြင့်ပြုလုပ်သော ကုလားထိုင်၊ စားပွဲများအား ထင်သီဟကုမ္ပဏီမှ တောင်ကို ရီးယားနိုင်ငံသို့ ဈေးကွက်စတင်ထိုးဖောက်တင်ပို့ပြီး ကြိတ်သားဖြင့် ပြုလုပ်သော ပရိဘောဂပစ္စည်းထက် ပိုမိုခိုင်ခံ့ခြင်း၊ ရေရှည်အသုံးပြုနိုင်ခြင်းကြောင့် နောင်တွင် မိမိထုတ်လုပ် တင်ပို့သောပစ္စည်းအရည်အသွေးကောင်းမွန်တာနဲ့အမျှ ဝယ်လိုအား များလာနိုင်ဖွယ်ရှိကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။                                      ဘဖေ ( ပို့ကုန် )