Main menu

Background

ဆန်စပါးအာမခံစနစ်အဆုံးသတ်ဖို့ ထိုင်းသုတေသီတို့ နှိုးဆော်

Thu, 08/22/2013 - 11:50 -- ydnar

ဆန်စပါးအာမခံစနစ်ကို ပယ်ဖျက် ဖို့နဲ့ ထိုင်းလယ်သမားတို့ရဲ့ ဝင်ငွေ တိုး တက်ဖို့အတွက် တခြားနည်းလမ်း ကို ရွေးချယ်ရန် ထိုင်းလင်းဖွံ့ဖြိုးရေး သုတေ သနအဖွဲ့  (Thailand Development Research Institute) မှ သုတေသီ တို့က အစိုးရကို တိုက်တွန်ထားကြောင်း ဗန်ကောက်ပို့စ်သတင်းမှာ ဖော်ပြ ထားပါတယ်။

TDRI က သြဂုတ် ၁၆ ရက်နေ့ မှာ ကျင်းပတဲ့ “ထိုင်းဆန်စပါးအနာဂတ် အတွက် ပြန်လည်စဉ်းစားခြင်း” ဆိုတဲ့ နှီးနှောဖလှယ်ပွဲမှာ TDRI  ရဲ့ ကဏ္ဍ အလိုက် စီးပွားရေးအစီအစဉ်မှ ကျန်း မာရေး ဘောဂဗေဒနဲ့ လယ်ယာစိုက်ပျိုး ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဗီရောနာ ရနောင်းက ထိုင်းဆန်အာမခံပုံစံက လယ်သမားတွေရဲ့ ဆင်းရဲမှုပြဿနာကို ဖြေရှင်းပေးမှာမဟုတ်ကြောင်း ပြောပါ တယ်။    ဂျီဒီပီမှာ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်တွေရဲ့ပါဝင်မှုက ၂၀၀၈ ခုနှစ် မှာ ၁၁ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၁ ခုနှစ်မှာ ၇ ဒသမ ၇ ရာခိုင်နှုန်းသာရှိ တော့ကြောင်း သူက ပြောပါတယ်။ ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် ထရာရဲ့ ဆန်စပါး အာမခံစနစ်အရ လယ်သမားတွေကသူတို့ဆန်စပါး တစ် တန်ကို ဘတ် ၁၅၀၀၀ နဲ့ အာမခံထား နိုင်ရာ ဈေးကွက်ပေါက်ဈေးထက် ၄၀ ရာခိုင်နှုန်း ကျော်လွန်နေပါတယ်။ TDRI က မကြာသေးမီကပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ စပါးစိုက်လယ်သမား ၅၀၀၀၀၀ ချမ်းသာနေပြီး လယ်သမား မိသားစု ၁ ဒသမ ၃ သန်းက ဆင်းရဲ နေတာကို တွေ့ရပါတယ်။ ချမ်းသာသူ လယ်သမားအများစုမှာ လယ်ယာစိုက် ပျိုးရေးရငွေနဲ့ အဓိကအားဖြင့် ချမ်းသာ နေကြပေမဲ့ ဆင်းရဲသား လယ်သမား တွေရဲ့ ၁၆ ရာခိုင်နှုန်းကသာ လယ်ယာ စိုက်ပျိုးရေးသက်သက်မှ အသက်မွေး ဝမ်းကျောင်းပြုနိုင်တာကို လေ့လာချက် အရတွေ့ရှိရပါတယ်။ ဒါကိုကြည့်ရင် အာမခံထားစနစ်ရဲ့ အကျိုးစီးပွားကို ဆင်းရဲသားတွေထက် ချမ်းသာသူတို့က ပိုမိုခံစားနေရတဲ့ သဘောသက်ရောက် နေတယ်လို့ ဗီရော့ကပြောပါတယ်။ “လယ်ယာစိုက်ပျိုးရေးက ဆင်းရဲ သားတွေရဲ့ အဓိက အသက်မွေးဝမ်း ကျောင်းမဟုတ်ပါဘူး။ လယ်သမားတွေ ရဲ့ ဘေးပန်းလုပ်ငန်းတွေကို အစိုးရက အထောက်အပံ့ ပေးမယ်ဆိုရင် သူတို့ အတွက် ပိုမိုကောင်းမွန်တဲ့ဘဝကို ဖန် တီးနိုင်မှာပါ” လို့ သူကပြောပါတယ်။ ဆန်စပါး အာမခံ အစီအစဉ်က ကမ္ဘာ့ဈေးကွက်နဲ့ လိုက်လျောညီထွေ ဖြစ်အောင်ကြိုးပမ်းအားထုတ်မဲ့ လယ် သမားတွေရဲ့စွမ်းဆောင်ရည်ကို အဟန့် အတားဖြစ်စေတယ်လို့ သူကပြောပါ တယ်။ သူတို့ကအစိုးရရဲ့ ဦးဆောင်တာ ကိုပဲ လိုက်တတ်တော့တယ်လို့ ဆိုပါ တယ်။ ဒီအစီအစဉ်က လယ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှုစွမ်းအားကို တိုးတက် အောင် ဆောင်ကျဉ်း မပေးပါဘူးလို့ TDRI မှ ကဏ္ဍအလိုက်အစီအစဉ်ရဲ့ ယာယီညွှန်ကြားရေးမှူး နီပွန်ပိုအာ ပွန်ဆာကွန် က ပြောပါတယ်။ လယ် သမားတွေက ဈေးကောင်းရအောင် သီးနှံထွက်ရှိရမဲ့ ကာလတွေ အမျိုးမျိုး ပြောင်းလဲ ထုတ်လုပ်နိုင်အောင်နဲ့ အထွက်တိုးအောင် ဓာတုဆေးတွေကို အရမ်းကာရော သုံးတဲ့အတွက် သီးနှံ တွေရဲ့ အရည်အသွေး ကျဆင်းအောင် ဒီအစီအစဉ်က တွန်းအားပေးနေသလို ဖြစ်နေကြောင်း သူက ပြောပါတယ်။ အမေရိကန်အစိုးရက သီးနှံတွေ ကို ဝယ်မဲ့အစား ရည်မှန်းချက်နဲ့ ဈေး ကွက် ဈေးနှုန်းအကြား ကွာဟချက်ရဲ့ ၇၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်း ကိုသာ လယ်သမားတွေကိုပေးကြောင်း ဆန်စပါး အာမခံထား စနစ်အစား အခြားလုပ်နိုင်မယ့်နည်းလမ်းတွေ ကို သူက ကိုးကားတင်ပြပါတယ်။ အမေ ရိကန် အစိုးရရဲ့ ထောက်ပံ့ကြေး အစီ အစဉ်က အစိုးရရဲ့ နှစ်စဉ် ဘတ်ဂျက် ကလာပြီး ထိုင်းအာမခံထား စနစ်က ချေးငွေနဲ့ထောက်ပံ့တာ ဖြစ်ကြောင်း သူကပြောပါတယ်။ အခြားတစ်ဖက်မှာလည်း အစိုးရ ရဲ့ဆန်စပါး အာမခံ ထားစနစ်က စတင် ဆောင်ရွက်ချိန်က စပြီး လယ်သမား တွေရဲ့ဘ၀ အရည်အသွေးကို တိုး တက်စေခဲ့ကြောင်း ပြည်တွင်းကုန် သွယ်မှုဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဝီဘွန်းလာဆာနာက နှီးနှော ဖလှယ်ပွဲ မှာ ပြောခဲ့တာလည်းရှိပါတယ်။ဉာဏ်တင်