Main menu

Background

ရေထွက်ပစ္စည်းများတင်ပို့မှုမှ ဒေါ်လာ ၂၃၆ သန်းကျော် ရရှိထားပြီ

Tue, 09/14/2010 - 07:06 -- Anonymous (not verified)

 ရေထွက်ပစ္စည်းများတင်ပို့မှုမှ ဒေါ်လာ ၂၃၆ သန်းကျော် ရရှိထားပြီ     မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဧပြီ ၁ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ဒေါ်လာ ၂၃၆ သန်းကျော် ရရှိထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန(F.I.Q.C) မှ သိရသည်။    ယင်းရရှိငွေများမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၂၉ ဒဿမ ၁၂၂သန်း၊ မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းက ဒေါ်လာ ၄ ဒသမ ၆၁၃ သန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၇ ဒသမ ၉၅ဝ သန်း၊ စစ်တွေမှ ဒေါ်လာ ၂ ဒသမ ၆၃၁ သန်း၊ မြိတ်မှ ဒေါ်လာ ၄၂ ဒသမ ၄၅၇သန်း၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၂ ဒသမ ၅၂၈ သန်း၊ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းက  ဒေါ်လာ ဝ ဒသမ ဝဝ၆ သန်း၊ ပုံမှန်ကုန်သွယ်ရေးက ဒေါ်လာ ၁၄၇ ဒသမ ၁၈၂ သန်း စုစုပေါင်း ဒေါ်လာ ၂၃၆ ဒသမ ၄၈၉ သန်းရရှိခဲ့ခြင်းဖြစ်သည်။    ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချမှုမှ ဒေါ်လာသန်း ၇ဝဝ ရရှိရန် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက လျာထားသတ်မှတ်ခဲ့ရာ နယ်စပ်စခန်းများအလိုက် လျာထားသတ်မှတ်ချက်ကို ကျော်လွန်စွာ တင်ပို့ နိုင်သည့်စခန်းမှာ မြိတ်(FOB) ဖြစ်သည်ဟု ဆိုသည်။                                                                                                                                                                                      ခင်မျိုးသွယ်