Main menu

Background

ကဏန်းပျော့တင်ပို့မှုအတွက် ဈေးကွက်သစ်များထပ်မံရရှိ

Tue, 09/14/2010 - 07:17 -- Anonymous (not verified)

ကဏန်းပျော့တင်ပို့မှုအတွက် ဈေးကွက်သစ်များထပ်မံရရှိ      ကဏန်းပျော့မွေးမြူသူများ၏ကဏန်းပျော့တင်ပို့ရောင်းချမှုအတွက်ဈေးကွက်သစ်များထပ်မံရရှိခဲ့ကြောင်း ကဏန်းလုပ်ငန်းရှင်များ အသင်းမှ သိရ သည်။      ''ကဏန်းပျော့ကို တရုတ်၊စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ သြစတြေးလျ စတဲ့ဈေးကွက်တွေကို ပုံမှန်ကုန်သွယ် ရေးနဲ့ မြိတ် (FOB)တို့ကနေ တင်ပို့နေ ပါတယ်။       အဲဒီဈေးကွက်တွေထဲက မလေးရှား ဈေးကွက်မှာ အခြားနိုင်ငံက ထုတ်လုပ် သူတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ခဲ့ရပေမယ့် တစ်ဖက် မှာလည်း  ဝယ်လက် နိုင်ငံ အသစ်တွေက ဝယ်ယူဖို့ ကမ်းလှမ်းလာ ပါတယ်။ ဒီနိုင်ငံတွေကို ပို့မယ်ဆိုရင် အမြင့်ဈေး ရရှိနိုင် ပါတယ်'' ဟု ယင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။       ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၅ ရက်အထိ ကဏန်းပျော့တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၁ဝ၅ သန်းကိုလည်း ကောင်း၊ ကဏန်း များကို မူဆယ်၊ မြဝတီ၊ မြိတ်၊ ကော့သောင်း စသည့် နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် Air Line တို့မှ တင်ပို့ရောင်းချခဲ့ရာ ဒေါ်လာ ၉ ဒဿမ ၉၈၃ သန်းကို လည်းကောင်း၊ စုစုပေါင်း ၁၄ ဒသမ ဝ၈၈ သန်းရရှိ ထားပြီးဖြစ်သည်ဟု ဆိုသည်။ခင်မျိုးသွယ်