Main menu

Background

မူဆယ်ရော၊ ချင်းရွှေဟော်ကပါပို့တဲ့ နှမ်းရောင်စုံ

Tue, 09/03/2013 - 14:21 -- ydnar

မုံရွာမြို့နယ်မှာရှိတဲ့ ကျေးရွာတွေ မှာ နှမ်းစိုက်ပျိုးသူများပြားပြီး၊ မြေပဲ ကတော့အနည်းငယ်စိုက်ကြပါတယ်။ ယခင်ကာလတွေတုန်းက မိုးလေဝသ ကောင်းမွန်သလို ရွာတိုင်းနီးပါး နှမ်း စိုက်တောင်သူတွေရှိတဲ့အတွက် ကျေးရွာ အများစု တစ်ပိုင်တစ်နိုင် ဆီ စက်လေးတွေ တည်ထောင်ကြိတ်ခွဲ ခဲ့ကြပါတယ်။ မိသားစုစားသုံးဖို့ထက် ပိုလျှံသူတွေက ရွာမှာတင် ဆီကြိတ်ပြီး၊ ဆီသန့်ကို မြို့ကပွဲရုံတွေဆီ တင်ပို့ ရောင်းချတဲ့ အစဉ်အလာရှိပါတယ်။

တောဈေးမြို့ဈေးကွာခြားချက်က သိသာတဲ့အတွက် ဆီပွဲစားလုပ်ငန်း လည်း တွင်ကျယ်ခဲ့ပါတယ်။ တောင်သူ လည်း တွက်ခြေကိုက် ဆီစက်သမား လည်း ငွေဝင်၊ ပွဲစားလည်း လုပ်အားခ ရလို့ အားလုံးကောင်းတဲ့ဆီ ဈေးကွက် တစ်ခုဖြစ်ခဲ့ပါတယ်။ ယခုကာလရာသီဥတုက မမှန်တဲ့ အခါ နှမ်းအထွက်ကလည်း မှန်းချက်နဲ့ မကိုက်၊ ဆီစက်သမားကလည်း ဝယ် မကြိတ်နိုင် ဆီပွဲစားဆိုတာလည်း ကွယ်ပျောက်ခဲ့ပါတယ်။ ဒါကြောင့် လည်း မုံရွာနယ်ကျေးလက်အချို့က ဆီစက်တွေ ဖုံတက်သံချေးတက်လို့ နေပါပြီ။ နှမ်းစိုက်ပျိုးမှုများပြားပြီး၊ ဒေသ တွင်း ဆီအသုံးနဲ့ မြို့အော်ဒါရှိတဲ့ ရွာအချို့မှာသာ တစ်ပိုင်တစ်နိုင် ဆီ စက်တွေ လည်ပတ်နိုင်ကြတယ်လို့ ကြေးမုံရွာက ဆီစက်လုပ်ငန်းရှင်တစ်ဦး က ပြောပါတယ်။ ဈေးကွက် အနေအထားအရ လက်ရှိ နှမ်းမြေပဲဈေးနဲ့ ဆီရောင်းဖို့ အတွက် ဆီကြိတ်လို့ လုံး၀ တွက်ခြေ မကိုက်ဘဲ နဝလီကြိတ်ခွဲခယူပြီး၊ လည် ပတ်ရမှသာ ပိုအကျိုးဖြစ်တယ်လို့ စက် ပိုင်ရှင်က ပြောပါတယ်။ တွက်ကြည့်တဲ့ အခါ နှမ်းတစ်တင်းကို ဒိုင်ပေါက်ဈေး ၃၁၅၀၀ ကျပ်ရှိတယ်။ ဆီကြိတ်ခက တစ်တင်း ၂၄၀၀ ကျပ်ဆိုတော့ အရင်း က ၃၃၉၀၀ ကျပ်၊ နှမ်းတစ်တင်းကြိတ် ရင် ဆီ ၅ ဒသမ ၅ ပိဿာရလို့ ၄၀၀၀ ကျပ်နှုန်းနဲ့တွက်ရင် ၂၂၀၀၀ ကျပ်သာ ရမယ်။ အရင်း ၃၃၉၀၀ ကျပ်ထဲက နှမ်းဖတ်ဖိုး တစ်ပိဿာ ၁၀၀၀ နဲ့ ၁၀ ပိဿာ ထွက်ဦး ၁၀၀၀၀ ကျပ်နုတ်ရင် အရင်း စုစုပေါင်း ၂၃၉၀၀ ကျပ်ရတဲ့ အတွက် အရှုံးတောင်ပေါ်နေတော့ ဆီရောင်းစားဖို့ ဘယ်ပွဲစားမှ မကြိတ်ရဲ။ စက်ပိုင်ဘက်က တွက်ရင် နဝလီကြိတ် တာ အကျိုးရှိတယ်လို့ ဆိုပါတယ်။ ကြိတ်ခအနေနဲ့ နှမ်းတစ်တင်း ၂၄၀၀ ကျပ်၊ နေကြာတစ်တင်း ၂၀၀၀ ကျပ်ရ ကာ၊ တစ်ရက် ၁၅ တင်းသာကြိတ်နိုင် ရင် ပျမ်းမျှကြိတ်ခ ၃၃၀၀၀ ကျပ်ရမယ်။ လုပ်သား ၂ ဦး၊ နေကုန် ၈၀၀၀ ကျပ်၊ ဆီဖိုး ၁၀၀၀၀ ကျပ်၊ ပေါင်း ၁၈၀၀၀ ကျပ်ဆိုတော့ တစ်ရက်ကြိတ်ခ ၁၅၀၀၀ ကျပ်ရလို့ အကျိုးရှိတယ်။ ဒါပေမယ့် နှမ်းမြေပဲနေကြာအထွက်နဲ့ မြို့ဈေး ကွက်ကို ရောင်းတဲ့ပေါ်မူတည်ပြီး၊ လည် ပတ်ကာလ အနည်းအများဖြစ် ပေါ်မှု ကြောင့် ယခင်ကလို အစဉ်မပြတ် လည် ပတ်နိုင်ခြင်းမရှိတော့တဲ့အတွက် ယခု အခါ ကျေးရွာတွေမှာ ဆီစက်လုပ် ငန်း တွေ လျော့နည်းသွားခြင်း ဖြစ်တယ်လို့ စက်ပိုင်စကားအရ သိရပါကြောင်း ..။ထွန်းလှိုင် - မုံရွာ