Main menu

Background

ဘိလပ်မြေဈေးနှုန်းများ (14-10-2013)

Tue, 10/15/2013 - 14:36 -- ydnar

ဘိလပ်မြေတန်ချိန် ရှစ်သောင်းကျော်ဝင်
ပြည်တွင်းကို စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၅ ရက် သီတင်းပတ် အတွင်း ကန်ဒေါ်လာ ခြောက်ဆယ့်ရှစ်သိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၈၄၇၆၉ ဒသမ ၈၅၁ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံမှ တန်ချိန် ၂၀၀၂၄ ဒသမ ၈၅၁ တန်၊ အိန္ဒိယ နိုင်ငံမှ ၁၁၂၀ တန်နဲ့ ထိုင်းနိုင်ငံမှ တန်ချိန် ၆၃၆၂၅ ဝင်လာခဲ့ပါတယ်။ ဝင်လာတဲ့ ဘိလပ်မြေများမှာ ွှဏှု  ဘိလပ်မြေ၊   ANCHOR ဘိလပ်မြေ၊ DIAMOND  ဘိလပ်မြေဝင်လာပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေ အဝင်မှာ တန်ချိန် သုံးသောင်း ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် ငါးသောင်းလေးထောင် ကျော်အဝင်ပိုခဲ့ပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်း ဘိလပ်မြေအဝင်မှာ တစ်သိန်းသုံးထောင်ကျော်ရှိခဲ့ပြီး စက်တင် ဘာလအတွင်း ဘိလပ်မြေအဝင်မှာ တန်ချိန် တစ်သိန်းရှစ်သောင်းကျော် ရှိခဲ့တာ ကြောင့် ဒီလမှာ တန်ချိန်ငါးသောင်းကျော်အဝင်ပိုခဲ့ပါတယ်။  MIRT (DOT)

 
ယခင်တစ်ပတ်ထက် ဈေးကွက်ပြန်ငြိမ်သွားတဲ့ ဘိလပ်မြေ
ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ မိုးနည်းရင် အရောင်းအဝယ်သွက်လာတယ် မိုးများ လာရင် အရောင်းအဝယ်က အေးလာတယ်လို့သိရပါတယ်။ အရောင်းအဝယ် ပုံမှန် ရှိပေမဲ့ ဈေးကမပြောင်းဘူး လို့သိရပါတယ်။ အရောင်းအသွက်ဆုံးက စိန်ဘိလပ် မြေနဲ့ နဂါးဘိလပ်မြေဖြစ်ပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေ တဲ့ ဈေးတွေက ယခင်တစ်ပတ် ဈေးအတိုင်း စိန်(ယိုးဒယား) ၇၀၀၀ ကျပ်၊ ခြင်္သေ့ ဘိလပ်မြေက ၅၂၀၀ ကျပ်၊ ကျားခေါင်းဘိလပ်မြေက ၅၀၀၀ ကျပ်၊ အေသုံးလုံး ၅၂၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၅၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်း အဝယ်နည်းနည်းလိုက်လာတယ်လို့သိရပါတယ်။ အရောင်းလိုက်လာပေမဲ့ ဒီတစ် ပတ်မှာ ဘိလပ်မြေဈေးတွေက ငြိမ်တဲ့ဘက်မှာရှိနေတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးက  ဆင် (ထိုင်း) ဘိလပ်မြေ ၅၀၂၅ ကျပ်၊မြင်းခေါင်း ဘိလပ်မြေ ၃၈၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၄၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၆၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန်ရှိ တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်ပေမဲ့လည်း ဘိလပ်မြေဈေးကဒီတစ် ပတ်မှာ နည်းနည်းငြိမ်နေတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်နေ တဲ့ဈေးမှာ အေသုံးလုံး ၅၀၀၀ ကျပ်၊ မြန်မာဆင် ၄၉၀၀ ကျပ်၊ ဆင်မင်း(ကျောက် ဆည်) ၄၈၀၀ ကျပ်၊ကျားခေါင်း ၄၇၀၀ ကျပ်၊မြင်းခေါင်း ၄၇၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၄၀၀ ကျပ်၊ စိန်(ထိုင်း) ၆၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ၆၂ လမ်း ၂၈-၂၉ ကြားအုတ်သဲ ကျောက်ရောင်းဝယ်ရေးအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ မကွေးဈေးကွက်မှာ ဘိလပ်မြေဒီတစ်ပတ်မှာ အရောင်းအဝယ်သွက်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်သွက်ပေမဲ့လည်း ဒီတစ်ပတ်မှာ ဘိလပ်မြေဈေးက ငြိမ်နေတယ်လို့သိရပါတယ်။ ဒါပေမဲ့မြင်းခေါင်းဘိလပ်မြေက ဒီတစ်ပတ်မှာ နှစ်ရာ ဝန်းကျင်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဈေးကွက်ထဲအရောင်း အဝယ် ဖြစ်နေတဲ့ဈေးမှာ ဆင်(ထိုင်း) ၆၃၀၀ ကျပ်၊မြင်းခေါင်းဘိလပ်မြေ ၅၀၀၀ ကျပ်၊ မက်(စ်) မြန်မာဘိလပ်မြေ ၄၈၀၀ ကျပ်၊ ဆင်(မြန်မာ) ၅၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့  သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန်ရှိ တယ်လို့သိရပါတယ်။ အရောင်းအဝယ်ရှိပေမဲ့ ဘိလပ်မြေဈေးက သိပ်ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ အထိုင်ဈေးနဲ့ အရောက်ဈေးက ငါးဆယ်ဝန်းကျင်သာ ကွာတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း)ဘိလပ်မြေ ၅၃၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၅၂၅၀ ကျပ်၊ ရာမို (အိန္ဒိယ) ၄၈၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ MIRT (DOT)