ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ ချင်းဈေးများ ယခင်အပတ်ထက် ဈေး ပိုလာသဖြင့် ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံခန့်သာ အရောင်းအဝယ်ဖြစ်ပြီး၊ အရောင်းပါး လျက်ရှိနေပါတယ်။အဝင်အားဖြင့်လည်းပိဿာ ၃၀ ဝင် အိတ် ၂၀၀ ခန့်သာ ပုံမှန် အဝင်ရှိပြီး၊ ယခင်ကထက် အဝင်နည်းနေပါတယ်။ ရခိုင်ဝယ်လက်များမှ တိုက်ရိုက် ဆင်းပြီး၊ဝယ်ယူမှုများရှိနေတဲ့အတွက် ချင်းစိုက်ပျိုးထွက်ရှိရာ အောင်ပန်း၊ တောင်ကြီး ဘက်က တောင်သူတွေမှလည်း ဈေးတင်ရောင်းချမှုများရှိလာတာကြောင့် နယ် ဝယ်လက်များမှပါ ဈေးကောင်းပေးပြီး မှာယူရောင်းချနေရပါတယ်။ ယခုတစ်ပတ် ပွဲရုံများ၌ ချင်းတစ်ပိဿာကို ချင်း(ဥမ) ရှယ် ၂၀၀၀ ကျပ်၊ (ဂျွန်) ၁၉၀၀ ကျပ်ရှိပြီး၊ ချင်းဓါးလှီးသမားများမှ လက်လီ၊လက်ကားရောင်းဝယ်သူများနဲ့ ဧရာဝတီတိုင်း ဒေသ ကြီး၊ ရခိုင်ပြည်နယ်သို့ တင်ပို့မှုအပါအဝင် ပွဲရုံများ၌ ပိဿာချိန် ၁၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခင်ကာလများထက် အရောင်းပါးလျက်ရှိကြောင်း သိရပါ တယ်။ ဝင်းဝင်းခိုင် - ပြည်
Background