Main menu

Background

ဟင်္သာတဈေးကွက်မှာ မတ်ပဲနဲ့ ပြောင်းအရောင်းအဝယ်ပုံမှန်ဖြစ်

Mon, 09/30/2013 - 14:55 -- ydnar

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲက နယ်အဝင်မရှိဘဲ မြို့ခံလှောင်လက်ကုန်သည်တွေကသာ ထုတ်ရောင်းမှုရှိနေတယ်။ အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း ဘုရင့် နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးမြင့်လာတဲ့အပေါ် ဈေး ပေးအဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့တစ် ပိဿာ ၇၈၀ ကျပ်(တစ်တန်ကို ၄၇၇၆၆၄ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်းက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်ဝယ်လက်ကတော့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၃၉၀ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။