Main menu

Background

ဈေးကွက်အသစ် ထပ်မံရရှိတောမယ့် မြန်မာ့ငါးရှဉ့်

Mon, 09/30/2013 - 14:58 -- ydnar

ယခင်က တရုတ်နိုင်ငံသို့သာ အများဆုံး တင်ပို့ခဲ့သော ငါးရှဉ့်ကို ယခုအခါ ဂျပန်နဲ့ ကိုရီးယားနိုင်ငံများ ကပါ ဝယ်ယူဖို့ ကမ်းလှမ်းထားကြောင်း သတင်းကို စက်တင်ဘာလ ၁၇ ရက် နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖတ်ရှုလိုက်ရတဲ့အတွက်ရေလုပ်ငန်းရှင် များ ကိုယ်စား ဝမ်းသာမိပါတယ်။

ဒါကြောင့် ထပ်မံသိလိုတဲ့အချက်များကို စုံစမ်းကြည့်တဲ့အခါ မြန်မာနိုင်ငံငါးရှဉ့် လုပ်ငန်းရှင်များ အသင်း (မန္တလေး) မှ အတွင်းရေးမှူး ဦးတိုင်းကျော်က ဂျပန် နိုင်ငံမှ လာရောက်လေ့လာကြကြောင်း၊ ယခုလက်ရှိအချိန်မှာ လုပ်ငန်း မစနိုင် သေးသော်လည်း ဂျပန်နိုင်ငံကို တင် ပို့နိုင်ရန် ကြိုးစားလျက် ရှိနေကြောင်း ပြောခဲ့ပါတယ်။ အဏ္ဏဝါဒေဝီကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှလည်း ငါးရှဉ့်ရိုးရိုး (eel) နဲ့ ငါးလင်ဘန်း (Finnel eel) နှစ်မျိုးရှိရာ ဂျပန်နိုင်ငံမှ လိုချင်သော ငါးရှဉ့်မှာ ငါးလင်ဘန်းများ ဖြစ်ကြောင်း၊ ဂျပန်သာမက ကိုရီးယားမှလည်း လာ ရောက် လေ့လာလျက်ရှိကြောင်း၊ ပင်လယ်သမုဒ္ဒရာမှ (ငါးရှဉ့်ပေါက်လေး များ) မြန်မာ့ရေချို မြစ်ချောင်းများသို့ ဝင်ရောက်လာသောထိုငါးရှဉ့်ပေါက်လေး များကို ကြီးထွားအောင် မွေးမြူနိုင်ပါက ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ရှင်းပြ ပါတယ်။ အောက်မြန်မာပြည်ငါးရှဉ့် လုပ် ငန်းရှင်များအသင်း(ရန်ကုန်)မှ အတွင်း ရေးမှူး ဒေါ်မြသဇင် (ခ) မဖြူကို စုံစမ်း ကြည့်ရာမှာတော့ ဂျပန်နိုင်ငံမှ လာ ရောက် လေ့လာနေသည်မှာ ကြာပြီဖြစ် ကြောင်း၊ ကိုရီးယားမှလည်း လေ့လာ လျက်ရှိကြောင်း၊ ယခုလောလောဆယ် တင်ပို့နိုင်ခြင်းမရှိသေးကြောင်း၊ ၎င်း တို့ သတ်မှတ်ထားသောပုံစံအတိုင်း ထုတ် လုပ်နိုင်လျှင်တင်ပို့နိုင်မည် ဖြစ်ကြောင်း၊ သတ်မှတ်အရွယ်အစားနဲ့ အရိုးထုတ်ပြီး သားအေးခဲ အသားများ ထုတ်လုပ်နိုင် ပါက ဈေးကွက်ရရှိမှာဖြစ်ကြောင်း၊ ယခု တရုတ်နိုင်ငံသို့ တင်ပို့နေသော ငါးရှဉ့် များမှာ အရွယ်အစား ဆိုဒ်စုံဖြစ်ပြီး၊ ငါးရှဉ့် အရှင်များကို မူဆယ်နဲ့ ချင်း ရွှေဟော်စခန်းများမှာ ရေလှယ်ပြီး တိုက်ရိုက်တင်ပို့နေခြင်းဖြစ်ကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးမှာလည်း အား သာကြောင်း၊ ဝယ်လိုအားနဲ့ဈေးကွက် လည်း ကောင်းမွန်သဖြင့် လက်ရှိ အချိန်မှာ တရုတ်နိုင်ငံသို့သာအများဆုံး တင်ပို့လျက်ရှိကြောင်း၊ အကယ်၍ ဂျပန် နိုင်ငံသို့ တင်ပို့နိုင်ပါက ငါးရှဉ့်သာမက ငါးလင်ဘန်းပါ ဈေးကွက်ရရှိမည် ဖြစ် ကြောင်း၊ ငါးလင်ဘန်းက ဈေးကောင်းပို ရမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ငါးရှဉ့်ကို ဂျပန်တို့ဟာ ကြိုက်နှစ် သက်စွာ တစ်နိုင်ငံလုံး စားသုံးကြတဲ့ အတွက် ပြည်တွင်းငါးရှဉ့်နဲ့ လုံလောက် မှုမရှိဘဲ ပြည်ပမှ တင်သွင်းရခြင်း ဖြစ် ပါတယ်။ တရုတ်နိုင်ငံမှအရွယ်ရောက်ပြီး ငါးရှဉ့်များကို လေကြောင်းမှတင်သွင်း ကြပါတယ်။ ဂျပန်နိုင်ငံမှာ ရိုးရာအရ  နွေရာသီရဲ့ အပူပြင်းဆုံးနေ့ကို ငါးရှဉ့် စားသုံးတဲ့နေ့အဖြစ် သတ်မှတ်ထားပါ တယ်။ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့၊ ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်မှာ ဇူလိုင်လ ၂၇ ရက်နေ့များကို ငါးရှဉ့် စားတဲ့နေ့အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံ လုံးငါးရှဉ့် စားကြပါတယ်။  ပြည်တွင်း စားသုံးမှုဟာ နှစ်စဉ်တန်ချိန် ၇၉၀၀၀ ရှိပြီး၊ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းရကြောင်းသိရှိရပါတယ်။ အဓိကတရုတ်နဲ့ တရုတ် (တိုင်ပေ) မှ တင်သွင်းပြီး လုံလောက်မှုမရှိတဲ့အတွက် ပြင်သစ်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ အိုင်ယာလန်၊ တောင်ကိုရီးယား၊ စပိန်၊ ထိုင်းနဲ့ဗီယက်နမ်တို့မှလည်း တင်သွင်း ပါတယ်။  ဇူလိုင်လနဲ့ သြဂုတ်လ များ ဟာ ဂျပန်နိုင်ငံရဲ့ နွေရာသီဖြစ်တဲ့ အတွက် ငါးရှဉ့် လိုအပ်ချက်များတဲ့ ကာလ ဖြစ်ပါတယ်။ အဲဒီလများဟာ မြန်မာနိုင်ငံမှာ မိုးရာသီဖြစ်တဲ့အတွက် ငါးရှဉ့် ထွက်ရှိမှုများတဲ့ ကာလများ ဖြစ်ပါတယ်။ ထွက်ရှိတဲ့ ငါးရှဉ့်များကို ဂျပန်နိုင်ငံကို တင်ပို့နိုင်ပါက ပို့ကုန် ဝင်ငွေတိုးမှာအမှန်ပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်သူ ပညာရှင်များမှ အကြံပြု သုံးသပ်ရာမှာ ငါးရှဉ့်ကို သဘာဝအတိုင်း ဖမ်းဆီးနေခြင်းဟာ ရေရှည်မှာသယံဇာတများပြုန်းတီးနိုင်တဲ့ အတွက် ရေချိုမြစ်တွင်း ဝင်ရောက် လာတဲ့ ငါးရှဉ့်ပေါက်လေးများကို ကြီး ထွားအောင် မွေးမြူပြီးတင်ပို့နိုင်ပါက ပိုပြီးဈေးကောင်းရသလို အလုပ်အကိုင် အခွင့်အလမ်းလည်း တိုးပွားလာမှာဖြစ် ကြောင်း၊ ငါးရှဉ့်ပေါများတဲ့ ဒေသများ ဟာ ကျေးလက်ဒေသများ ဖြစ်တဲ့ အတွက် အလုပ်အကိုင်များ ရရှိလာ ပါက ဆင်းရဲမွဲမှု လျှော့ချရေးကို တစ်စိတ်တစ်ပိုင်းအနေနဲ့ အထောက် အကူပြုရာရောက်မှာဖြစ်ပါတယ်။   ယဉ်ယဉ်အေး MIRT (DCCA)