Main menu

Background

ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် ပတ်သတ်၍ ဆောင်ရွက်ပေးမှုအဆင့်ဆင့်နှင့် Pick Up (Open Cab) ယာဉ်များ တင်သွင်းမှုအတွက် လက်ရှိဆောင်ရွက်နေမှုများ

Mon, 10/07/2013 - 12:37 -- ydnar

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်  ရေးဝန်ကြီးဌာနအနေဖြင့် တပ်မတော် အစိုးရလက်ထက်တွင် ပြည်ပနိုင်ငံများ နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင် ရွက်လျက်ရှိသော ကုမ္ပဏီလုပ်ငန်းရှင် များ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ မှ လုပ်ငန်းသုံးမော်တော်ယာဉ်များတင် သွင်းရာတွင် (Truck, Box Truck, Dump Truck, Crane Truck)  များနှင့် ယန္တရားယာဉ်များ (Excavator, Loader, Bulldozer)  များအား လွန်ခဲ့ သည့် (၇) နှစ်အတွင်းထုတ်လုပ်ခဲ့သော ယာဉ်များတင်သွင်းခွင့်ပြုခဲ့ပြီး၊ Bus ကားများအား လွန်ခဲ့သော (၅) နှစ် အတွင်းထုတ်လုပ်ခဲ့သည့်(ဘယ်မောင်း) ယာဉ်များအားတင်သွင်းခွင့်ပြုခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် နိုင်ငံ တော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြင့် ဆောင်ရွက်မှုများနှင့် အတူ ပြည်သူပြည်သားများ မော်တော် ယာဉ် တင်သွင်းရာတွင်လည်း လုပ်ထုံး လုပ်နည်းများ ရှင်းလင်း လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် မော်တော် ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေး ကော်မတီဖွဲ့စည်းပြီး အဆင့်ဆင့် ဖြေ လျော့ ဆောင်ရွက်ပေးခဲ့ပါသည်။ လုပ် ငန်းသုံးမော်တော်ယာဉ်များအား ဘယ် မောင်း/ညာမောင်းမခွဲခြားဘဲ လွန်ခဲ့ သည့် (၁၀) နှစ်အတွင်းထုတ်လုပ်ခဲ့ သော ယာဉ်များအားခွင့်ပြုလျက်ရှိပြီး ကုန်တင်ယာဉ် (Truck) ကားများ၏ တင်သွင်းခွင့်ရှိသည့် တန်ချိန်သတ်မှတ် မှုကိုလည်း မူလက (၆) တန်မှစတင်ခွင့် ပြုခဲ့ရာမှ (၁) တန် Light Truck မှ စတင်၍လည်းကောင်း၊ Box Truck များကို မူလက (၃) တန်မှစတင်ခွင့်ပြု ခဲ့ရာမှ (၁) တန် Box Truck မှစ၍ လည်းကောင်း၊ တစ်ပိုင်တစ်နိုင်လုပ်ငန်း များဆောင်ရွက်နိုင်ရန် ခွင့်ပြုဆောင် ရွက်ပေးခဲ့ပါသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ နိုင်ငံပိုင်သတင်းစာမှကြေညာ၍ ယာဉ်မှတ်ပုံတင်သက်တမ်းနှစ် ၄၀ç၃၀ç ၂၀ ရှိသော ပုဂ္ဂလိကပိုင် ယာဉ်အိုယာဉ် ဟောင်းများကိုအပ်နှံ၍ အစားထိုးတင် သွင်းခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့  One Stop Services  အဖွဲ့ ဖွဲ့စည်း၍ခွင့်ပြုဆောင်ရွက်ခဲ့ပါ သည်။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် သင်္ဘောသားများ၊ နိုင်ငံ ခြားအလုပ်သမားများ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနဝန်ထမ်းများ၊ ဟိုတယ်ခရီးလုပ်ငန်း ရှင်များစသည့် နိုင်ငံခြားငွေစာရင်းဖွင့် လှစ်ထားသူများကို လူစီးမော်တော် ယာဉ် (၁) စီးတင်သွင်းခွင့်ပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ မေလ (၇) ရက်နေ့မှစ၍ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားမှတ် ပုံတင်ကိုင်ဆောင်သူလူပုဂ္ဂိုလ် (၁) ဦး ချင်းအား မော်တော်ယာဉ် (၁) စီး တင်သွင်းခွင့်ပြုခဲ့ပါသည်။ ယာဉ်အိုယာဉ်ဟောင်းအစားထိုး အပ်နှံမှုအပိုင်းတွင် မိမိတို့အပ်နှံသည့် ကားအမျိုးအစားအလိုက်တင်သွင်းခွင့် ပြုပြီး လူပုဂ္ဂိုလ် (၁) ဦးချင်းနှင့် သီးခြား ခွင့်ပြုခဲ့သော မော်တော်ယာဉ်တင်သွင်း သူများအား Truck, Light Truck, City Bus များခွင့်ပြုပေးခဲ့ပြီး (၁၀) ယောက်မှ (၁၅) ယောက်စီး Mini Bus များ၊ (၁၆) ယောက်မှ (၂၅) ယောက်စီး (ဘယ်မောင်း) Mini Bus များအား တင်သွင်းခွင့်ပြုခဲ့ရာ လုပ်ငန်းသုံးကုန် တင်ယာဉ်ငယ်များအပါအဝင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလကုန်အထိ စုစု ပေါင်း ယာဉ်အစီးရေ (၂၁၀၀၀၀) ခန့် တင်သွင်းခဲ့ပြီးဖြစ်ပါသည်။ Light Truck ယာဉ်၏ အဓိပ္ပာယ် သတ်မှတ်ချက်မှာ အလတ်စားကုန်တင် ယာဉ်ဖြစ်ပြီး၊ ဦးခေါင်းခန်း (၁) ခန်း (သို့ မဟုတ်) (၂) ခန်းပါဝင်သော အမိုးဖွင့် ကုန်တင်ယာဉ်အဖြစ်သတ်မှတ်ပါသည်။ ယာဉ်ခေါင်းခန်းနှင့် နောက်ကိုယ်ထည် သီးခြားတည်ဆောက်ထားပြီး ခိုင်ခန့် သည့် နောက်ကိုယ်ထည် (Right Body)  နှင့် အောက်ခံဘောင် (Frame) ပါရှိပါသည်။ ယာဉ်တင်ဆောင်နိုင်အား မှာ  (3000 KG)  အောက်ဖြစ်ပြီး၊ ရှေ့ တံခါး (၂) ပေါက် (သို့မဟုတ်) (၄) ပေါက်ပါသည့် ယာဉ်ကို Light Truck အဖြစ်သတ်မှတ်ထားပါသည်။ ဥရောပ သမဂ္ဂတွင်စီးပွားရေးလုပ်ငန်းသုံး အပေါ့ စားယာဉ်အဖြစ်သတ်မှတ်ပြီး၊အမေရိကန် ပြည်ထောင်စုတွင် Pick Up  ယာဉ်များပါ ထည့်သွင်းထားပါသည်။ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် Personal Use ကိုယ်ပိုင်သုံး ယာဉ်အဖြစ်အသုံးပြုပါသည်။ Pick Up (2 Doors)/Extra Cab/ Space Cab ယာဉ်များနှင့်ပတ် သက်၍ မူလက လူစီးယာဉ်အုပ်စုတွင် ပါဝင်ပြီး တင်သွင်းသူများဈေးနှုန်းသက် သာ၍ ပိုမိုအဆင်ပြေစေရန်အတွက် (၂၈.၂.၂၀၁၃) ရက်နေ့မှစ၍ ကုန် တင်ယာဉ်အုပ်စုသို့ပြောင်းလဲသတ်မှတ် ပြီး လုပ်ငန်းသုံးယာဉ်အခွန်နှုန်းထားဖြင့် ခွင့်ပြုဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းင်း ယာဉ်များအား ကုန်တင်ယာဉ်အုပ်စုသို့ ထည့်သွင်းခွင့်ပြုပေးခဲ့ရာတွင် Pick Up (Double Cab နှင့် Open Cab)  များ မှာတံခါး(၄)ပေါက်ပါရှိ၍တည်ဆောက်ပုံ အရ ကုန်တင်ရန်အတွက် မဟုတ်ဘဲ လူစီးရန်အတွက်ရည်ရွယ်ထုတ်လုပ်ထား ခြင်းဖြစ်၍ကုန်တင်ယာဉ်အုပ်စုသို့ထည့်သွင်း သတ်မှတ်ခဲ့ခြင်းမပြုဘဲ လူစီးယာဉ် အနေဖြင့်သာခွင့်ပြုပေးခဲ့ပါသည်။ ယခုအခါ ဆိပ်ကမ်းများတွင် ရောက်ရှိနေသောယာဉ်များအနက် သွင်းကုန်လိုင်စင်/ပါမစ်အား Pick Up (2 Doors) ဖြင့် လျှောက်ထားပြီး မူလ ခွင့်ပြုချက်နှင့် ကွဲလွဲစွာ Open Cab များကို ကုန်တင်ယာဉ်အဖြစ်တင်သွင်း လာသည့်အတွက် ထုတ်ယူရန်အခက် အခဲများရှိနေသောကြောင့် တင်သွင်း လာသူများအဆင်ပြေစေရန် Open Cab ယာဉ်များထဲမှ ကုန်တင်ယာဉ် အဖြစ်သတ်မှတ်သင့်သော အမျိုးအစား များကို အောက်ပါအတိုင်းစိစစ်၍ခွင့်ပြု ပေးလျက်ရှိပါသည် -(က) Long Nose Pick Up (Open Cab) ယာဉ်များတွင် Double Cab ယာဉ်များထက် Cab အလျား တို သောယာဉ်များ(ခ)    Cab နောက်ခန်းသည်ရှေ့ခန်းထက် အကျယ်အဝန်းနည်းသောယာဉ်များ(ဂ)    နောက်ခန်းတွင် နောက်ထိုင် ခုံတန်းသာပါရှိသောယာဉ်များ(ဃ) Safety Device နှင့် Luxury Feature များပြည့်စုံစွာမပါရှိ သောယာဉ်များ Pick Up (Open Cab) ယာဉ်များ သည် ယာယီလူတင်ဆောင်စီးနင်းရန် သာ ရည်ရွယ်ခြင်းဖြစ်၍ မော်တော် ယာဉ်တင်ဝန်ပေါ့ (Light Commercial Truck) အနေဖြင့် ခွင့်ပြုဆောင် ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ၂၂.၈. ၂၀၁၃ နေ့တွင်ကျင်းပပြုလုပ်သောဌာန ဆိုင်ရာပူးပေါင်းအဖွဲ့ (One Stop Service)  အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၁၃) တွင် လက်ရှိဆိပ်ကမ်းတွင် ရောက်ရှိနေသော Pick Up (Open Cab)  များမှ Ford Ranger၊၊Nissan Narvara၊ Toyota Hilux Vago   အမျိုး အစားများကို ကုန်တင်ယာဉ်အုပ်စု အဖြစ်သတ်မှတ်ပေးခဲ့ပြီး ထပ်မံတင်ပြ လျှောက်ထားလာသော Open Cab ယာဉ်များအားအထက်ဖော်ပြပါအချက် များနှင့်စိစစ်၍ ဆက်လက်ခွင့်ပြုဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း အတည် ပြုဆုံးဖြတ်ခဲ့ပါသည်။ တင်သွင်းသူများ အနေဖြင့်လည်း မိမိတို့တင်သွင်းလို သည့်ယာဉ်အုပ်စုနှင့် ယာဉ်အမျိုးအစား များကို သင်္ဘောမတင်မီ ကြိုတင်လေ့ လာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အနေဖြင့် တင်သွင်းသူ များ ဈေးနှုန်းသက်သာ၍ အဆင်ပြေ ချောမွေ့စေရန်သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် စဉ်ဆက်မပြတ်ညှိနှိုင်းဆောင် ရွက်ပေးလျက်ရှိကြောင်းတင်ပြလိုက်ရ ပါသည်။မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီ