Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Mon, 10/07/2013 - 12:43 -- ydnar

အမေရိကန်ပြည်ထောင်စုမှာဖြစ် ပေါ်နေတဲ့ မတိုးသာမဆုတ်သာဖြစ်နေ တဲ့ နိုင်ငံရေးအခြေအနေကြောင့် အမေ ရိကန်ဗဟိုဘဏ်က စီးပွားရေးတွန်းအား ပေးအစီအစဉ်တွေကိုလျှော့ချမှုကို ဆိုင်း ငံ့ ထားလိမ့်မယ်လို့ ယူဆကြတဲ့အတွက် အိန္ဒိယရူပီးက ဦးဆောင်ပြီး အာရှငွေ ကြေးတွေ ယခု ရက်သတ္တပတ်အတွင်း မှာ မြင့်တက်ခဲ့ပါတယ်။

တရုတ်ယွမ် တရုတ်နိုင်ငံရဲ့စီးပွားရေးက တိုး တက်မှုနှေးကွေးကျဆင်းနေရာမှာ ပြန် လည်နာလန်ထူတော့မဲ့ လက္ခဏာတွေ ပြလာပါတယ်။ ဒီအချိန်မှာ သုံးလပတ် ငါးကြိမ်ဆက်တိုက်မြင့်တက်ခဲ့တဲ့ ယွမ် ငွေရဲ့တန်ဖိုးမြင့်တက်မှုက စက်တင်ဘာ ၃၀ ရက်မှာ အဆုံးသတ်ခဲ့ပါတယ်။ တရုတ် နိုင်ငံအတွင်းမှာ ရှိတဲ့ စတော့ဈေးကွက်တွေက အောက်တို ဘာ ၁ ရက်ကနေ ၇ ရက်နေ့အထိ ပိတ် ထားပါတယ်။ တရုတ်နိုင်ငံ ပြင်ပမှာ တရုတ်ယွမ်ဈေးက စက်တင်ဘာ ၂၇ ရက်မှာ တစ်ဒေါ်လာကို ၆ ဒသမ ၁၂၀၂ ယွမ်နှုန်းရှိခဲ့ရာမှ အောက်တိုဘာ ၄ ရက်နေ့မှာ တစ်ဒေါ်လာကို ၆ ဒသမ ၁၂၂၀ ယွမ်နှုန်း ရှိခဲ့ပါတယ်။အိန္ဒိယရူပီး ဘဏ် အချင်းချင်း နိုင်ငံခြားငွေ ဖလှယ်တဲ့ဈေးကွက်မှာ အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ဒေါ်လာနဲ့ဖလှယ် ရာမှာ ရူပီးတန်ဖိုးက သုည ဒသမ ၂၀ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၆၁ ဒသမ ၉၃ ရူပီးနှုန်းရှိခဲ့ပါတယ်။ သွင်း ကုန်လုပ်ငန်းရှင်များထံမှ အမေရိကန် ဒေါ်လာဝယ်လိုအားထပ်မံမြင့်တက်လာ တဲ့အတွက် ရူပီးတန်ဖိုးမြင့်တက်မှုကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဈေးကွက်အဖွင့်မှာ ရှယ်ယာ တန်ဖိုးမြင့်တက်မှုနဲ့ ပြည်ပဈေးကွက်မှာ ဒေါ်လာတန်ဖိုးကျဆင်းမှုတွေကြောင့် ရူပီးတန်ဖိုးကျဆင်းမှုကို အထိန်းအချုပ် ဖြစ်စေခဲ့တယ်လို့ ဝယ်ရောင်းသမားတွေ က ပြောပါတယ်။ ဒေါ်လာတန်ဖိုးက တစ်ကမ္ဘာလုံး မှာ ကျဆင်းနေတဲ့အတွက် အောက်တို ဘာ ၃ ရက်ဈေးကွက်ထဲမှာ ရူပီးတန်ဖိုး က သုည ဒသမ ၇၃ ရူပီးနှုန်းနဲ့ ရက် သတ္တပတ်ခုနစ်ပတ်အတွင်း အမြင့်ဆုံး ဖြစ်တဲ့ တစ်ဒေါ်လာ ၆၁ ဒသမ ၇၃ ရူပီးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ဂျပန်ယန်း အဆုံးသတ်ဖို့ လမ်းမမြင်သေးဘဲ အမေရိကန်ပြည်ထောင်စုအစိုးရလုပ်ငန်း အချို့ရပ်ဆိုင်းခဲ့တာသုံးရက်မြောက်ကို ရောက်ခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့ မှာ ဒေါ်လာက ယူရိုနဲ့ယန်းတို့နဲ့ဖလှယ် ရာမှာ တန်ဖိုးထပ်မံကျဆင်းခဲ့ပါတယ်။ ဝါရှင်တန်မှာ နိုင်ငံရေးအကျပ်အတည်း ဖြစ်မှုကြောင့် မြင့်တက်လာရတဲ့ စိုးရိမ် မှုက အစိုးရကပေးရန်တာဝန်တွေမပေး နိုင်ဘဲ ကြွေးဆပ်ဖို့ပျက်ကွက်မဲ့အခြေ အနေကို ဦးတည်နေပါတယ်။ ယူရို/ဒေါ်လာဖလှယ်နှုန်းက အောက်တိုဘာ ၂ ရက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၈၅၀ ဒေါ်လာမှ အောက် တိုဘာ ၃ ရက် ဂရင်းနစ်စံတော်ချိန် ၂၁ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၃၆၁၇ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ ဂျပန်ယန်းငွေတန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှ တစ်ဒေါ်လာ ၉၇ ဒသမ ၃၄ ယန်းမှ ၉၇ ဒသမ ၂၇ ယန်းသို့ လည်းကောင်း၊ ယူရိုနဲ့ဖလှယ်ရာမှာ ၁၃၂ ဒသမ ၂၁ ယန်းမှ ၁၃၂ ဒသမ ၄၉ ယန်းသို့လည်းကောင်း ပြောင်းလဲခဲ့ပါ တယ်။မလေးရှားရင်းဂစ် ရင်းဂစ် ဝယ်လိုအားက လော လောဆယ်မြင့်တက်မလာသေးတဲ့ အတွက် အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းဈေးကွက်အဖွင့်မှာ ရင်းဂစ် တန်ဖိုးအနည်းငယ်ကျဆင်းခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုးက အောက်တိုဘာ ၃ ရက်ဈေးအပိတ်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၁၉၄၀ ရင်းဂစ်နှုန်းရှိရာမှ အောက်တိုဘာ ၄ ရက်မှာ တစ်ဒေါ် လာကို ၃ ဒသမ ၁၉၄၅ ရင်းဂစ်နှုန်းထိ ပြောင်းလဲခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ကြိုက် လမ်းကြောင်းကို ရွေးချယ်နိုင်စေမဲ့ သတင်းတွေထွက်ပေါ်လာချိန်ကိုစောင့် နေတဲ့အတွက် ရင်းနှီးမြှုပ်နှံသူ အများစု က လက်ရှောင်နေတယ်လို့ ဝယ်ရောင်း သမားတစ်ဦးက ပြောပါတယ်။တောင်ကိုရီးယားဝမ် အောက်တိုဘာ ၄ ရက် မနက် ဈေးကွက်မှာ ဝမ်တန်ဖိုး မြင့်တက်ပြီး နောက် တောင်ကိုရီးယားအာဏာပိုင် တွေက ဝင်ရောက်စွက်ဖက်တော့မယ် ဆိုတဲ့ သံသယတွေကြောင့် ရှစ်လကျော် ခန့်မြင့်တက်နေတဲ့ ဝမ်ငွေကြေးတန်ဖိုး ကို ကျဆင်းစေခဲ့ပါတယ်။ တောင်ကိုရီး ယားအာဏာပိုင်တွေက ဝမ်ငွေတန်ဖိုး မြင့်တက်နေတာကို ထိန်းချုပ်ဖို့အတွက် အမေရိကန်ဒေါ်လာကို သန်း ၃၀၀ ဖိုး မှ ၄၀၀ ဖိုးထိဝယ်ခဲ့ပါတယ်။ ပို့ကုန် သမားတွေရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကျ ဆင်းမှာစိုးတဲ့အတွက် အစိုးရအာဏာ ပိုင်တွေက စက်တင်ဘာလကစပြီး အကြိမ်ကြိမ်ဝင်ရောက်ထိန်းသိမ်းခဲ့ပါ တယ်။ ဒါပေမဲ့ စက်တင်ဘာ၊ ဇူလိုင် သုံးလပတ်မှာ ဝမ်တန်ဖိုးက ၆ ဒသမ ၃ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက် နေဆဲဖြစ်ကာ ၂၀၁၀ ပြည့်နှစ်နောက် ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဝမ်တန်ဖိုးက အောက်တိုဘာ ၂ ရက်မှာ တစ်ဒေါ်လာ ၁၀၇၄ ဝမ်နှုန်းရှိ ရာမှ အောက်တိုဘာ ၄ ရက် မနက် ၉ နာရီ ၄၅ မိနစ်မှာ ၁၀၇၂ ဒသမ ၅ ဝမ်နှုန်းထိရှိခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက်က တောင်ကိုရီးယားရဲ့ အမျိုး သားရုံးပိတ်ရက်ဖြစ်ပါတယ်။ထိုင်းဘတ် ယခု တတိယသုံးလပတ်မှာ ဘွန်း စာချုပ်တွေထုတ်ဝေတာကို လျှော့ချ တော့မယ်လို့ ထိုင်းနိုင်ငံရဲ့ ေ<ကးမြီစီမံ ခန့်ခွဲရေးအေဂျင်စီကပြောကြားပြီးတဲ့ နောက်ပိုင်း နိုင်ငံခြားသားတွေက ဘွန်း စာချုပ်တွေကို ဆက်ကိုင်ထားကြတဲ့ အတွက် ၁၀ နှစ်သက်တမ်းရှိ အစိုးရ ဘွန်းစာချုပ်တွေက ရက်သတ္တပတ်လေး ပတ်မြောက်အဖြစ် ဆက်ပြီး တန်ဖိုးမြင့် တက်ဖို့ တာစူနေပါတယ်။ ဘတ်ငွေ ကတော့ ပုံမှန်အတိုင်းရှိနေပါတယ်။ ကမ္ဘာ့ရန်ပုံငွေအဖွဲ့တွေက အောက်တိုဘာ ၃ ရက်နေ့အထိ ထိုင်း ရှယ်ယာတွေကို အဝယ်ကဒေါ်လာ ၂၂၅ သန်း ပိုမိုခဲ့ကြောင်း ထိုင်းဘွန်း ဈေးကွက်အသင်းက ပြောပါတယ်။ ထိုင်းဘတ်ငွေတန်ဖိုးက စက်တင် ဘာ ၂၇ ရက်က ဈေးနဲ့နှိုင်းယှဉ်ရင် အနည်းငယ်သာကျဆင်းပြီး အောက်တို ဘာ ၄ ရက်နေ့မှာ သုည ဒသမ ၁ ရာခိုင်နှုန်းကျဆင်းကာ တစ်ဒေါ်လာကို ၃၁ ဒသမ ၃၁ ဘတ်နှုန်းရှိခဲ့ကြောင်း ဘလွမ်းဘတ်က ပြုစုထားတဲ့စာရင်းတွေ အရ တွေ့ရပါတယ်။