Main menu

Background

ယခုနှစ်အတွင်းမှာ ထိုင်းခရီးသွား လုပ်ငန်းထက်ဝက်ခန့်က အရောင်းကျမည်ဟု ခန့်မှန်း

Mon, 10/07/2013 - 12:54 -- ydnar

စားသုံးသူ ဝယ်လိုအားကျဆင်းမှုနဲ့ လူနေမှုစရိတ်မြင့်တက်မှုတို့က ခရီးသွား လုပ်ငန်းကို အားနည်းကျဆင်းစေတဲ့ အတွက် ယခုသုံးလပတ်ကာလအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ သူတို့ လုပ်ငန်းက ဟီးရိုးသဖွယ်ကယ်တင်နိုင် မဲ့လမ်းမမြင်နိုင်ဟု ခရီးသွားလုပ်ငန်း အော်ပရေတာတွေကမြင်နေကြောင်း ထိုင်းနိုင်ငံသည်နေရှင်းသတင်းမှာ ဖော် ပြထားပါတယ်။

ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ က စက်တင်ဘာ ၃၀ ရက်မှာထုတ်ပြန်တဲ့ သဘောထားစစ်တမ်းအရ ဖြစ်ပေါ်နေ တဲ့ အလားအလာမှာ ရှင်းလင်းနေ ကြောင်း၊ စီးပွားရေးက ကျဆင်းနေမှာ ဖြစ်ကြောင်း၊ စားသုံးသူတို့က ခါးစည်းခံ ရမှာဖြစ်တဲ့အပြင် ခရီးသွားလုပ်ငန်း အော်ပရေတာများရဲ့ အကျိုးအမြတ်မှာ လည်း ကျဆင်းယိုယွင်းနေမှာဖြစ် ကြောင်း လုပ်ငန်းရှင်တို့ကပြောတယ်လို့ ဖော်ပြထားပါတယ်။ သဘောထားစစ်တမ်းကို စက်တင်ဘာ ၁၀ ရက်က ၁၇ ရက် အတွင်း ကောက်ယူခဲ့တာဖြစ်ပြီး ပြန် လည်တုံ့ပြန်ဖြေကြားသူ ၂၁၀၀ အနက် စီးပွားရေးလုပ်ငန်း ၇၀၀ နဲ့ လူ ပုဂ္ဂိုလ် ၁၄၀၀ ပါဝင်ပါတယ်။ စစ်တမ်း ကောက်ယူရာဒေသမှာ ပြည်နယ်ခုနစ် ခုပါဝင်ပြီး ချွန်ဘူရီ၊ နာခွန်ရက်ချာစီမာ၊ ချင်းမိုင်၊ ဖူးခက်နဲ့ ဆူရက်သာနီပြည်နယ် တွေပါဝင်ပါတယ်။ ယခုနှစ်ကျန်ကာလတွေမှာ ထိုင်း စီးပွားရေးကျဆင်းလိမ့်မယ်လို့ ဖြေကြား သူက ၄၈ နဲ့ သူတို့လုပ်ငန်းတွေရဲ့ ရောင်းအားကျမယ်လို့ ခန့်မှန်းသူက ၂၂ ဒသမ ၉ ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမဲ့ သူတို့လုပ်ငန်းတွေတိုးတက်နေဆဲဖြစ်ပြီး ဝင်ငွေ ၁၉ ဒသမ ၄ ရာခိုင်နှုန်းမြင့်မား မယ်လို့ ခန့်မှန်းသူက ၂၂ ဒသမ ၉ ရာခိုင်နှုန်း ရှိပါတယ်။ နေထိုင်စား သောက်စရိတ်တွေနဲ့ အများပြည်သူသုံး လုပ်ငန်းတွေရဲ့ ကုန်ကျစရိတ်တွေက မြင့်တက်နေတဲ့အပြင် ဝင်ငွေကတိုး တက်လာခြင်းမရှိတဲ့အတွက် သူတို့ရဲ့ ခရီးသွားလုပ်ငန်းအသုံးစရိတ်ကို လျှော့ ချမဲ့သူက ၂၁ ဒသမ ၁ ရာခိုင်နှုန်းရှိပါ တယ်။ နိုင်ငံရေးပဋိပက္ခက စီးပွားရေး အလားအလာတွေအတွက် အဓိက အန္တရာယ်ဖြစ်ကြောင်း ပြောကြားသူ ၆၅ ဒသမ ၈ ရာခိုင်နှုန်း ရှိပြီး ကုန် ပစ္စည်းနဲ့ ဝန်ဆောင်မှု တန်ဖိုး ဖောင်း ပွမှုကြောင့်ဟု ဖြေကြားသူ ၆၁ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ဆန္ဒပြမှုတွေကြောင့်လို့ ပြောကြားသူ ၅၅ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့နိုင်ငံခြားသားဝင်ရောက်မှု သုံးစွဲမှုက ယခင်အတိုင်းရှိနေမယ်။ ဒါမှ မဟုတ် ပိုပြီးတော့များလာဖို့ရှိတယ်လို့ ခရီးသွားလုပ်ငန်းမူဝါဒနဲ့ စီမံကိန်းဌာန ဒုတိယအုပ်ချုပ်ရေးမှူး ပွန်ဆာသွန်ကက် ဆာဆမ်လီကပြောပါတယ်။ ယခုနှစ် ခရီးသည်ဝင်ရောက်မှုက ယခင်နှစ်ကရှိခဲ့တဲ့ ၂၂ ဒသမ ၃၅ သန်း ကို ကျော်လွန်ပြီး ၁၇ ဒသမ ၅ ရာခိုင် နှုန်းတိုးကာ ၂၆ ဒသမ ၂၆ သန်းထိ ရောက်မယ်လို့ အေဂျင်စီကခန့်မှန်းထား ပါတယ်။