Main menu

Background

စင်ကာပူနိုင်ငံရဲ့ တင်းကျပ်တဲ့ အလုပ်ခန့်ထားရေးဥပဒေကြောင့် နိုင်ငံခြားသားတွေအခက်တွေ့

Mon, 10/07/2013 - 12:56 -- ydnar

စင်ကာပူပြည်တွင်းအလုပ်အကိုင် ရှာဖွေသူတို့အတွက် အကျိုးစီးပွားကို ပြန်လည်ညှိနှိုင်းထားတဲ့ ဥပဒေကို ရေး ဆွဲပြီးတဲ့နောက် ပြည်ပမှ စင်ကာပူကို လာရောက်လုပ်ကိုင်သူတို့အတွက် ဆုံး ရှုံးမှုတွေရှိလာကြောင်း စထရိတ်တိုင်းမ် သတင်းမှာ ဖော်ပြထားပါတယ်။ ယခုနှစ်အတွင်း အလုပ်အကိုင် ပြောင်းလို့ ဖိလစ်ပိုင်လူမျိုးအက်ဒ်ဝင် မာကာရိတ်ကြိုးပမ်းတဲ့အခါ Employment Pass (EP) သစ်ရဖို့အတွက် စင် ကာပူအလုပ်သမားဝန်ကြီးဌာနရဲ့ ငြင်း ပယ်မှုကိုခံရလိမ့်မယ်လို့ သူကမမျှော်မှန်း  ခဲ့ပါဘူး။ နိုင်ငံစုံလုပ်ငန်းလုပ်ကိုင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုမှာ ၃၁ နှစ်အ လုပ်လုပ်ကိုင်နေပြီးတဲ့နောက် အိုင်တီ အမှုဆောင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ သူက အမြဲတမ်းနေထိုင်ခွင့်(ပီအာ)အ တွက်လျှောက်ထားတဲ့အခါ ယခုနှစ် ဇူ လိုင်မှာတစ်ကြိမ်ပြီးခဲ့တဲ့ စက်တင်ဘာမှာ တစ်ကြိမ်ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။ သူ့ကိုနှစ်ကြိမ်စလုံးပယ်ချခဲ့ပါတယ်။ သူ့ရဲ့ work pass အဟောင်း သက်တမ်းကုန်လို့ အသစ်လျှောက်တာ မရတဲ့အတွက် ဖိလစ်ပိုင်သူနဲ့ လက်ထပ် ထားပြီး သမီးနှစ်ယောက်ရထားတဲ့သူက မနီလာကိုပြန်လာခဲ့ရပါတယ်။ နိုင်ငံသားတွေကို မခန့်ထားမီစင် ကာပူနိုင်ငံသားတွေကို အလုပ်ခန့်ထား ဖို့ကြိုးစားခဲ့ကြောင်း စင်ကာပူအလုပ်ရှင် တွေက ပြသရမယ်လို့ စင်ကာပူအလုပ် သမားဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါ ကြောင့်သူ့အတွက် ပိုမိုအခက်ကြုံစေခဲ့ ပါတယ်။ လာမဲ့သြဂုတ်လကစပြီး အလုပ်သ မား ၂၅ ဦးအထက်ရှိတဲ့ ကုမ္ပဏီအား လုံးက ပညာသည်၊ စီမံခန့်ခွဲသူနဲ့ အမှု ဆောင် (PME) ရာထူးနေရာတွေကို ခေါ်ယူခန့်ထားရင် အစိုးရကကြီးကြပ် ဆောင်ရွက်နေတဲ့ Job Bank မှာ နိုင်ငံ ခြားသားတွေကို မခန့်ထားမီ ၁၄ ရက် ကြိုတင်ကြော်ငြာရမယ်လို့ ကြေညာ ထားပါတယ်။ ဒီပြင်လာမဲ့ဇန်နဝါရီက စပြီး EP လက်မှတ်ကိုင်ဆောင်သူတွေ ရဲ့ ကနဦးလစာကိုလည်း စင်ကာပူဒေါ် လာ ၃၀၀၀ ကနေ ၃၃၀၀ အထိတိုးမြှင့် သတ်မှတ်ထားပါတယ်။