Main menu

Background

ကိုးလအတွင်း ဗီယက်နမ်ကုန်သွယ်မှု လိုငွေဒေါ်လာ ၁၂၄ သန်းပြ

Mon, 10/07/2013 - 12:56 -- ydnar

၂၀၁၃ ခုနှစ် ပထမကိုးလအတွင်း မှာ ဗီယက်နမ်နိုင်ငံရဲ့ ပြည်ပကုန်သွယ် မှုလိုငွေပြမှုဟာ အမေရိကန်ဒေါ်လာ ၁၂၄သန်းရှိခဲ့ရာစုစုပေါင်းပို့ကုန်ရဲ့ သုည ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း အောက် တိုဘာ ၁ ရက်က ဗီယက်နမ် ဗဟို စာရင်းရုံးကထုတ်ပြန်ချက်အရသိရတယ် လို့ရှင်ဝှာသတင်းမှာဖော်ပြထားပါတယ်။

ပြန်လည် လေ့လာ သုံးသပ်တဲ့ ကာလအတွင်း ဗီယက်နမ်ရဲ့ပို့ကုန်မှ ဝင် ငွေက ဒေါ်လာ ၉၆ ဒသမ ၄၆၃ ဘီလီ ယံရှိပြီး နှစ်အလိုက်တိုးတက်နှုန်း ၁၅ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ သုံးစွဲ မှုက ဒေါ်လာ ၉၆ ဒသမ ၅၈၇ ဘီလီ ယံရှိခဲ့ပြီး ၁၅ ဒသမ ၅ ရာခိုင်နှုန်းတိုး တက်ခဲ့ပါတယ်။ စုစုပေါင်းပို့ကုန်တန်ဖိုး အနက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံ မှု (အက်ဖ်ဒီအိုင်) ကဏ္ဍမှရငွေက ဒေါ်လာ ၆၃ ဒသမ ၉ ဘီလီယံရှိပြီး ၂၂ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပါ တယ်။ ပြည်တွင်းစီးပွားရေးကဏ္ဍမှာ တော့ ဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံ ရရှိပြီး ၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ ပါတယ်။ ပို့ကုန်တန်ဖိုးအများဆုံးဖြည့် ဆည်းပေးတဲ့ ကုန်ပစ္စည်းတွေထဲမှ တက် လီဖုန်းနဲ့ အသုံးအဆောင်ပစ္စည်းတွေက ဒေါ်လာ ၁၅ ဒသမ ၁ ဘီလီယံဖိုးရှိပြီး ၇၅ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပါ တယ်။အထည်ချုပ်လုပ်ငန်းက ဒေါ်လာ ၁၃ ဒသမ ၂ ဘီလီယံရရှိပြီး ၁၈ ရာခိုင် နှုန်းမြင့်တက်ပါတယ်။ အီလက်ထရွန်း နစ်၊ ကွန်ပျူတာစတဲ့ ကိ ရိယာတွေတင် ပို့မှုက ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံ ရှိပြီး ၄၅ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပါ တယ်။ ဖိနပ်က ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံနဲ့ သစ် အခြေခံထုတ်ကုန်က ဒေါ်လာ၃ ဒသမ ၈ ဘီလီယံရပါ တယ်။ စုစုပေါင်း တင်သွင်းမှုထဲမှာ အက်ဖ် ဒီအိုင်ကဏ္ဍကသုံးစွဲမှုက ဒေါ်လာ ၅၄ ဒသမ ၅ ဘီလီယံရှိပြီး ၂၄ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ပါတယ်။ ပြည်တွင်း လုပ်ငန်းတွေက တင်သွင်းတာက ဒေါ် လာ ၄၂ ဒသမ ၁ ဘီလီယံဖိုးရှိပြီး ၅ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပါတယ်။