Main menu

Background

ရက်သတ္တပတ်စီးပွားရေးသတင်းတိုများ

Mon, 10/07/2013 - 12:57 -- ydnar

ဆိုးလ် ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ် မထားတဲ့ အက်ဆက်တွေကို ပြန် ဖလှယ်တဲ့အခါ ဒေါ်လာတန်ဖိုး ကျ နေတဲ့အတွက် စက်တင်ဘာလကုန် မှာ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံ ခြားအရန်ငွေက သြဂုတ်လကရှိခဲ့တဲ့ ပမာဏထက် ဒေါ်လာ ၅ ဒသမ ၈၃ ဘီလီယံ ပိုမိုလာပြီး ဒေါ်လာ ၃၃၆ ဒသမ ၉၂ ဘီလီယံထိ ရှိခဲ့ကြောင်း တောင်ကိုရီးယား ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ကို ရှင်ဝှာ သတင်းဌာန က ဖော်ပြပါတယ်။

တိုကျို စီးပွားရေး နာလန်ထူမှု အပေါ် မှာ ရောင်းခွန်တိုးမြှင့်လိုက်တဲ့အတွက် ဖြစ်ပေါ်လာမဲ့ ဂယက်ရိုက်ခတ်မှု အတွက် စိုးရိမ်မှုအပြင် အမေရိကန် ပြည်ထောင်စုရဲ့ ကြွေးဆပ်မှုစွမ်း ရည် ပျက်ကွက်စေနိုင်မဲ့ အမေရိကန် အစိုးရဘတ်ဂျက်အကျပ်အတည်းတွေ ရှိနေပေမဲ့ဂျပန်ဗဟိုဘဏ်ကငွေကြေး မူဝါဒလျှော့ချမှု အစီအမံသစ်တွေကို အောက်တိုဘာ ၄ ရက်က မကြေ ညာသေးဘဲထားခဲ့ကြောင်းအေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။ဝါရှင်တန် ယခု လကုန်မှာ အမေရိကန် လွှတ်တော်က ကြွေးမြီအမြင့်ဆုံး သတ်မှတ်ချက်ကို မြှင့်တင် မပေးဘူး ဆိုရင် ကြွေးမြီ ပေးဆပ်ဖို့ပျက်ကွက် လို့ ဖြစ်လာရတဲ့ အစိုးရလုပ်ငန်းပိုင်း တွေ ရပ်ဆိုင်းမှုက ထူးထူးခြားခြား ပိုမို ဆိုးဝါးလာနိုင်တယ် လို့ အောက် တိုဘာ၃ရက်က အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ပြော ကြောင်း အေအက်ဖ်ပီသတင်းမှာ ဖော်ပြ ထားပါတယ်။သိုင်းငုယင် (ဗီယက်နမ်) ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရင်းနှီး မြှုပ်နှံပြီး တည်ဆောက်မဲ့ အီ လက်ထရွန်းနစ် ထုတ်လုပ်ရေး စက်ရုံ တစ်ခုကိုမြောက်ပိုင်းသိုင်းငုယင် ပြည် နယ်မှာ ဆမ်ဆောင်း အလက် ထရို မက်ကင်းနစ် ဗီယက်နမ်ကုမ္ပဏီက အာဏာပိုင်တို့ထဲမှ လိုင်စင်ရထားပြီး ဖြစ်ကြောင်း အောက်တိုဘာ ၃ ရက် က ပြောကြောင်း VNS သတင်းမှာ ဖော်ပြထားပါတယ်။ဘန်ကောက် နာမည်ကြီးထိုင်းဆန်ကို ကျန် ကမ္ဘာကသိရှိအောင် တိုးမြှင့်ဆောင် ရွက်ပေးတဲ့အစီအစဉ်တစ်ရပ်အဖြစ် အော်ဂဲနစ် အမျိုးအစားအပါအဝင် ထိုင်းစပယ် ဖြူဆန်  (Jasmine Rice) ကို ယခုလမှစပြီး နိုင်ငံတစ်ဝန်းရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ နိုင်ငံခြား ခရီးသွားတွေကို ရောင်း တော့မယ်လို့ သည်နေရှင်း သတင်း မှာ ဖော်ပြပါတယ်။