Main menu

Background

ရန်ကုန်၊ မန္တလေးလမ်း ကုန်တင်တန်ချိန်သတ်မှတ်ပြီးနောက်ကုန်တင်ခနှုန်းထားများ ပြောင်းလဲလာ

Tue, 09/14/2010 - 09:19 -- Anonymous (not verified)

 ရန်ကုန်၊ မန္တလေးလမ်း ကုန်တင်တန်ချိန်သတ်မှတ်ပြီးနောက်ကုန်တင်ခနှုန်းထားများ ပြောင်းလဲလာ     ရန်ကုန်-မန္တလေး ကုန်တင်တန်ချိန်ပြောင်းလဲခြင်းကြောင့် ကုန်တင်ခနှုန်းထား များ ပြောင်းလဲလာပါတယ်။  ရန်ကုန်- မန္တလေး လမ်းပေါ်ရှိ စဉ့်ကိုင်နဲ့ ပဲခူးမြို့အဝင် ဂိတ်များတွင် ကုန်တင်တန်ချိန်စစ်ဆေးလျက်ရှိရာ ၁၂ ဘီးကားတစ်စီးကို ၅၅ တန်၊ ၁ဝ ဘီးကား တစ်စီးကို ၄၆ တန်သာတင်ဆောင်ရန် စက်တင်ဘာလ ဒုတိယပတ်က သတ်မှတ်ခဲ့ပါတယ်။ ယခင် ကုန်တင်တဲ့ တန်ချိန်ထက်လျော့၍ သတ်မှတ်ပြီးနောက် ပိုင်း ကုန်တင်ခနှုန်းထားများ ပြောင်းလဲလာခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းမြေ ကုန်စည်သယ်ယူပို့ဆောင်ရေးက '' ကုန်တင်တန်ချိန်က အခါတိုင်းတန် ၆ဝ တင်ရာ ကနေ ၅၅ တန်သတ်မှတ်လိုက်တော့ ကုန်တင်ခနှုန်းထား တက်သွားရတယ်။ ကုန် တင်ခနှုန်းထားက ကုန်တစ်ပိဿာကို ရွေပြည်သာဇုန်အထိ ၃ဝ ကျပ်၊ လှိုင်သာယာ ဇုန်အထိ ၃၁ကျပ်၊ ၃၂ ကျပ်၊ အပေါ်ကုန်က ၅ဝ ကျပ်၊ ၅၅ ကျပ်ယူတယ်။ အရင်က ၂၈ ကျပ်၊ ၂၉ ကျပ်ရှိရာကနေ စက်တင်ဘာလ ၈ ရက်ကစပြီး နှုန်းမြင့်ကောက်လိုက် တာ ကုန် စီးဆင်းတဲ့ အခြေအနေကတော့ ပုံမှန်ပါဘဲ။ တစ်ရက်ကို ကုန်ကား ၄ စီး၊ ၅ စီးထွက် တယ်''လို့ ပြောပါတယ်။     ကုန်တင်ပို့ရာတွင် မန္တလေးမှ ပဲမိုျးစုံ၊ မြေဆီအိတ်များ၊ ထန်းလျက်၊ ကြက်သွန် အဓိကထားသွားပြီး အိမ်ဆောက်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းများလည်း ပုံမှန်တင်ပို့မှု ရှိပါတယ်။ ရှမ်းပြည်နယ်မှ ထွက်တဲ့ ဂေါ်ဖီ၊ အာလူး၊ ချင်း၊ ပြောင်း ကုန်စိမ်းသီးနံှများ လည်း တင်ပို့မှုရှိကြောင်း သိရပါတယ်။                                                                                                                                                          ဇူးဇူး