ကုမ္ပဏီကြီးများ ရောင်းချပေးမှုကြောင့် ဆန်ဟောင်းဈေးငြိမ်နေ

ယခုတစ်ပတ်အတွင်း ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း) လက်ကားဆန် ဈေးမှာ ပေါ်ဆန်း ဖျာပုံလတ်စ တစ် အိတ် ၂၅၅၀၀ ကျပ်၊ ပေါ်ဆန်း နယ်စုံ လတ်စ တစ်အိတ် ၂၃၅၀၀ ကျပ်ဖြစ်ခဲ့ သဖြင့် ယခင်အပတ်ထက် ၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ထိပ်စ တစ်အိတ် ၃၃၅၀၀ ကျပ်ဖြစ်ခဲ့သဖြင့် ယခင်အပတ် ထက် ၁၀၀၀ ကျပ်၊ပေါ်ကျွဲလတ်စ တစ် အိတ် ၁၉၅၀၀ ကျပ်၊ ဧည့်မထ လတ်စ တစ်အိတ် ၁၅၈၀၀ ကျပ်ဖြစ်ခဲ့သဖြင့် ယခင်အပတ်ထက် ၅၀၀ ကျပ် အသီး သီး ဈေးပြန်တက်ခဲ့ကြောင်း သိရပါ တယ်။

လုပ်ငန်းသုံးဖြစ်တဲ့ ငစိန်ဆန်မှာ ဈေးငြိမ်နေပြီး၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း (ပြည်ပ) ဆန်တစ်အိတ် (၁၁၀.၀၅ ပေါင်) ကို ၁၄၈၀၀ ကျပ်-၁၅၃၀၀ ကျပ် ခန့်ဈေးရှိကြောင်း၊ ဧရာ ဝတီတိုင်းဒေသ ကြီး ဟင်္သာတနယ်နဲ့ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) အချို့မြို့နယ်များမှ ကောက်စောဆန်သစ် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်များ ရန်ကုန်ဈေးကွက်ကို အနည်းငယ်ဝင်ရောက်နေပြီး တစ်အိတ် (၁၁၀.၀၅ ပေါင်) ကို ၁၃၈၀၀ ကျပ်-၁၄၃၀၀ ကျပ်ခန့်ဈေးနှုန်းဖြင့် ဆက် လက်ရောင်းဝယ်နေတယ်လို့ သိရပါ တယ်။ EMATA 25 % FOB (Yangon) 335/ 340 USD / MT ခန့်ဖြင့် ဈေးခေါ် ရောင်းသော်လည်း ပြည်ပ ဝယ်လက်များက ၃၂၅ 325 USD/MT ဈေးခန့်သာပေးလို့ အရောင်း အဝယ် မဖြစ်ကြောင်း၊ ယခုရက်ပိုင်း ဗီယက်နမ်ဆန်ဈေး ပြန်တက်ရောင်း လာလို့  မြန်မာ့ဆန်ကို ဝယ်ယူရန် အမေးပြန်ရှိနေပါတယ်။ တရုတ်-မူဆယ် လိုင်းမှ ဆန်ကွဲအနည်းငယ် ဆက်ဆွဲနေပြီး ဝယ်မယ့်တရုတ် ကိုယ် တိုင် ဈေးကွက်ထဲဆင်းကြည့်ပြီး၊ ဝယ်ယူ မှုအချို့ရှိတယ်လို့ သိရပါတယ်။ မြဝတီ လိုင်း သို့လည်း ဒေသသုံးဆန်လောက် သာ သွားနေကြောင်း၊ ယခုကာလမှာ ဆန်ဟောင်းသန့်သန့် ကို သင့်တင့်တဲ့ ဈေးနဲ့ရလို့ လက်လီဆိုင် ပြန်ရောင်း သမားတွေက ပြန်ဝယ်သိမ်းနေကြလို့ ယခုရက်စား ဆန်ဟောင်းဈေးများ အနည်းငယ် ပြန်တက်ရတာဖြစ်ပြီး၊ နောက်လလောက်မှာဆန်ဟောင်းသန့် သန့် ရှားသွားနိုင်ပြီး ဆန်သစ်နဲ့ ဆန် ဟောင်းရော ပေါက်လာတတ်လို့ လက်လီဆိုင်သမားများက ဆန်ဟောင်း ကိုပိုဝယ်၊ ကြိုစုကြတဲ့အတွက် ထိပ်စ၊ ရှယ်စဆန်များသာ အဝယ်လိုက်ချိန် အချို့ကုန်သည်များကလည်း ပုံမှန်ထက် ဈေးတင်ရောင်းလာချိန်တွင် ပထမ ဆန်စပါးကုမ္ပဏီမှ ကုမ္ပဏီပိုင်ဆန် ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်တစ်အိတ်ကို ၁၇၈၀၀ ကျပ်၊ ဧည့်မထ ၅ ရာခိုင်နှုန်း (Fresh Milling)  တစ်အိတ်ကို ၁၈၀၀၀ကျပ်ဈေးဖြင့် ဈေးကွက်အတွင်း ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက် နေ့မှစပြီး လိုသလောက်ရောင်းချ ပေး ခြင်းနဲ့ ဆန်ဟောင်းဝယ်သူများမှ လည်းလက်ရှိဆန်ပေါက်ဈေးအရ လက် လီ ပြန်ရောင်းရန်မကိုက်၍ အဝယ်ပြန် လျော့သွားခြင်းများကြောင့် ဆန်ဈေး ကွက်ပြန်ငြိမ်လာကြောင်း ကုန်စည်ဒိုင် နှင့် ဆန်ဈေးကွက်မှ သိရပါတယ်။သန်းအေး - ရန်ကုန်