Main menu

Background

အဆွဲသန်လို့ ဈေးမြင့်နေတဲ့ ပြည်ဆီထွက်သီးနှံဈေးကွက်

Tue, 10/15/2013 - 12:27 -- ydnar

ပြည်ဈေးကွက် နှမ်းဈေးမှာ ယခုတစ်ပတ်မှာလည်း ဆက်လက်ဈေးမြင့်နေပါ တယ်။ မင်းတုန်း၊ ကံမ၊ မြန်အောင်နဲ့ ပေါင်းတည်ဘက်မှ တစ်နေ့ အိတ် ၁၀၀၀ ခန့် သာဝင်ရောက်လို့ နှမ်းအဝင်နည်းသွားပြီး၊ တရုတ်ဘက်မှ  အနီရော အနက်ပါ အဝယ်များနေလို့ ဈေးမြင့်ပြီး၊ တစ်နေ့ကို နှမ်းအိတ် ၁၀၀၀ ခန့် အရောင်းအဝယ် ဖြစ်တာ တွေ့ရပါတယ်။

မြေပဲဆန်ဈေးမှာ ပစ္စည်းအဝယ်လိုက်ပေမယ့် ဈေးမတက်ဘဲ ယခင်အပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ အဝင်ကလည်း တစ်နေ့အိတ် ၂၀၀၀ ခန့် ဝင်ရောက်နေပြီး၊ ဈေးကွက်မှာ ပစ္စည်းရှိနေလို့ ဈေးငြိမ်နေပါတယ်။ မြေပဲဆီ ဆန်ကို ဆီစက်များက အဝယ်လိုက်သလို လုံးဆန်ကိုလည်း ယိုးဒယားဘက်မှ အဝယ်လိုက်နေပါတယ်။ အရောင်း အဝယ်မှာ တစ်နေ့ကို မြေပဲဆန်အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပြည်ဈေးကွက်မှာ ဆီထွက် သီးနှံများဖြစ် တဲ့ နှမ်းနဲ့ မြေပဲဈေးနှုန်းများမှာ ယခုအပတ်မှာ နှမ်းနီ တစ်တင်းကို ၄၁၀၀၀ ကျပ်၊ နှမ်းနက်တစ်တင်း၄၅၀၀၀ ကျပ်နဲ့ စမုံနက်နှမ်းတစ်တင်း ၅၀၀၀၀ ကျပ်ဈေးနဲ့ ယခင် အပတ်ထက် ဈေးမြင့် နေတာတွေ့ရပါတယ်။ မြေပဲဆန်ဈေးမှာ ဆီဆန်တစ်ပိဿာ ၁၄၀၀ ကျပ်၊ လုံးဆန်တစ်ပိဿာ ၁၇၀၀ ကျပ်ဈေးနဲ့ ယခင်အပတ်အတိုင်း ဈေးငြိမ် နေတာ တွေ့ရပါတယ်။                      ဝေေ၀မင်း - ပြည်