Main menu

Background

ကြိမ်ပင်ဆည်-စက္ကော-ဓနုဖြူ-ဇလွန်-ဟင်္သာတလမ်: ပြန်လည်ဖြတ်သန်းခွင့်ပြု

Tue, 09/14/2010 - 09:24 -- Anonymous (not verified)

ကြိမ်ပင်ဆည်-စက္ကော-ဓနုဖြူ-ဇလွန်-ဟင်္သာတလမ်းအာဆီယံ စံချိန်စံညွှန်းသတ်မှတ်ချက်နှင့်အညီ  ပြန်လည်ဖြတ်သန်းခွင့်ပြု    ကြိမ်ပင်ဆည်-စက္ကော-ဓနုဖြူ-ဇလွန်-ဟင်္သာတ လမ်းပေါ်တွင် ယာဉ်-ကုန် တန်(၂ဝ)ထက်ပိုသောယာဉ်များ၊ ၁ဝ ဘီး၊ ၁၂ ဘီးကားများ သွားလာခွင့်မပြုရန် တားမြစ်ကန့်သတ်ထားရာမှ ယခုအခါ အာဆီယံစံချိန်စံညွှန်းသတ် မှတ်ချက်အတိုင်း ဝင်ရိုးအရေအတွက် ကန့်သတ်ချက်ဖြင့် ဖြတ်သန်းမောင်းနှင်ခွင့် ပြန်လည်ပြုလိုက်ပြီဟုသိရသည်။     ဝင်ရိုး (၂) ခုပါ ၆ ဘီးယာဉ်အတွက် ယာဉ် + ကုန် ခွင့်ပြုတန် ၁၆ တန်၊ ဝင်ရိုး (၃) ခုပါ ၁ဝ ဘီးယာဉ်အတွက် ယာဉ် + ကုန် ခွင့်ပြုတန် ၂၁ တန်၊ ဝင်ရိုး (၄) ခုပါ ၁၂ ဘီးယာဉ်အတွက် ယာဉ် + ကုန် ခွင့်ပြုတန် ၂၅ တန်၊ ဝင်ရိုး (၄) ခုပါ ၁၄ ဘီးယာဉ်အတွက် ယာဉ် + ကုန် ခွင့်ပြုတန် ၃၄ တန်၊ ဝင်ရိုး (၅) ခုပါ ၁၈ ဘီးယာဉ်အတွက် ယာဉ် + ကုန် ခွင့်ပြုတန် ၄၆ တန်၊ ဝင်ရိုး(၆) ခုပါ ၂၂ ဘီးယာဉ်အတွက် ယာဉ် + ကုန် ခွင့်ပြုတန် ၅၅ တန်၊ အထက်ပါသတ်မှတ်ချက်အတိုင်း ဝင်ရိုး အရေအတွက်နှင့် (ယာဉ် +ကုန်) တန်ချိန်စိစစ်ပြီး ဝင်ရိုးထမ်းအလေးချိန် (၁ဝ)တန်ထက်မပိုသော ကုန်တင်ယာဉ်ကြီး များကို ကြိမ်ပင်ဆည်-စက္ကော-ဓနုဖြူ-ဇလွန်-ဟင်္သာတလမ်းပေါ်တွင် ဖြတ်သန်းခွင့် ပြန်လည်ပြုလိုက်ကြောင်း သိရသည်။     အဆိုပါလမ်းကို ၂ဝ-၇-၂ဝ၁ဝ ရက်နေ့မှ ၃၁.၁ဝ.၂ဝ၁ဝ ရက်အထိ ယာဉ်-ကုန် တန်(၂ဝ)ထက်ပိုသော ယာဉ်များအား ဖြတ်သန်းခွင့်ယာယီတားမြစ်ခဲ့ပြီး ယင်းသို့ဖြတ်သန်းခွင့်တားမြစ်ရခြင်းမှာ ယာဉ်နှင့်ကုန်တန် ၄ဝ အထက်ကုန်တင်ယာဉ် ကြီးများ ဖြတ်သန်းသွားလာရာတွင် မိုးရာသီ၌ လမ်းတစ်လျှောက်ကတ္တရာလမ်းများ နိမ့်ကျပျက်စီးမှုများဖြစ်ခြင်းကြောင့် ဖြစ်သည်။လွင်လွင်မိုး