Main menu

Background

အောက်တိုဘာလ ၁၀ ရက်ပတ် မုံရွာပဲဈေးကွက်

Tue, 10/15/2013 - 12:42 -- ydnar

မုံရွာကုန်စည်ဒိုင် အောက်တိုဘာ လ ၁၀ ရက် ပတ်ပဲဈေးကွက်မှာ လက် ကား ရောင်းဝယ်ကြတဲ့ ပဲအများစု ဈေး အေး အရောင်းအဝယ်လေးနေပြီး၊ လက်လီ အရောင်းသွက်တဲ့ ပဲအချို့က တော့ အမြင့်ဈေးမှာ ဆက်လက်မာနေ တာ တွေ့ရပါတယ်။ ယခုတစ်ပတ် ကုလားပဲ ဈေးကွက်အနေနဲ့ ဒေသတွင်း ခွဲစက်သမားတွေ လိုမှ ဝယ်ကြသလို  ကုန်သည်ကလည်းဈေးကြိုက်မှ ရောင်း နေကြတဲ့အတွက်တစ်ရက်တစ်ဈေး ဖြစ် ပေါ်နေတာတွေ့ရပါတယ်။

ယခုတစ် ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲမျိုး စုံရဲ့ တစ်တင်းအမြင့်ဆုံး ပေါက်ဈေးများ အနေနဲ့ ကုလားပဲရိုးရိုး ၁၆၂၀၀ ကျပ်၊ ထိုင်ဝမ် ၁၆၆၀၀ ကျပ်၊ V2 - ၁၆၈၀၀ ကျပ်နဲ့ 929 ၁၆၄၀၀ ကျပ်အသီးသီးဖြစ် ပေါ်ခဲ့ပြီး၊ အရောင်းအဝယ် အားဖြင့် တစ်ရက်ကို ကုလားပဲမျိုးစုံ အိတ် ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ ကုန်သည်ရပ် ကွက်က သိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းကြီး ဈေး ကွက်မှာလည်း နယ်ကပစ္စည်းအဝင်မရှိ ခဲ့ဘဲ ကုန်သည်လက်ကျန်အချို့ ရောင်း လက်ရှိမှ ဒိုင်ဈေးဖွင့်နိုင်ရာ ယခုတစ် ပတ်အတွင်း တစ်တင်း ၂၇၅၀၀ ကျပ် ထိ အမြင့်ဆုံးပေါက်ဈေး ဖြစ်ပေါ်ခဲ့ပါ တယ်။ ယခုရက်ပတ်အတွင်း မိုးများခဲ့လို့ ကနီဘက်က စိမ်းသေးလည်း အဝင်ကျဲ ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ ဈေး ကွက်ကတော့ယခုတစ်ပတ်ထဲမှာရန်ကုန် ဝယ်လက်အနည်းငယ်ရှိခဲ့ပြီး ဒေသကုန် သည်အချင်းချင်း အရောင်းအဝယ် အနည်းငယ်သာဖြစ်ခဲ့ကာ တစ်တင်း ၁၇၂၀၀ ကျပ်အမြင့်ဆုံးဈေးသာရခဲ့ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ ပျမ်းမျှတစ်ရက် အိတ် ၅၀၀ မှ ၁၀၀၀ ကြား ခပ်မှန်မှန်အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်မှာ လက်လီ အရောင်းအဝယ်သွက်နေတဲ့ ပဲတွေဖြစ် ကြတဲ့  စွန်တာနီ၊ ပဲကြီး၊ ပဲပုပ်နဲ့ စား တော်ပဲ ဈေးကွက်တွေကတော့ အမြင့် ဈေးမှာ ဆက်လက်တန့်နေတာ တွေ့ရ ပါတယ်။ စွန်တာနီပဲကလဲ လက်ကျန် ရှားပြီး၊ ဒေသလက်လီအသုံးက များ နေလို့ ဝယ်လိုအားပုံမှန်ရှိကာ တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ ၂၁၇၀၀ ကျပ်ဈေးမှာ လည်းကောင်း၊ ပဲကြီးဈေးမှာ ဒေသ တွင်း ပဲကြော်ဖို၊ ပဲလက်လီအဝယ် ပုံမှန်ရှိလို့ တစ်တင်း ၃၈၀၀၀ ကျပ်မှ ၃၉၀၀၀ ကျပ်ဈေးမှာလည်းကောင်း၊ ပဲပုပ်စေ့မှာ ဒေသတွင်း ပဲငပိလုပ်ငန်းနဲ့ ဆီကြိတ်ခွဲဖို့ အဝယ်ရှိလို့ တစ်တင်း ၂၀၀၀၀ ကျပ်မှ ၂၀၂၀၀ ကျပ်ဈေးမှာ လည်းကောင်း၊ စားတော်ပဲမှာ ဒေသ တွင်း လက်လီစားသုံးမှုအတွက် ပုံမှန် အဝယ်ရှိလို့ တစ်တင်း ၂၈၀၀၀ ကျပ် မှာလည်းကောင်း၊ အသီးသီး အမြင့် ဈေးမှာ တန့်နေတာ တွေ့ရပါတယ်။ အခုလိုဒေသတွင်း အများဆုံး စိုက် ပျိုးကြတဲ့ ပဲအချို့ဈေးအေးနေပေမယ့် ယခုနှစ်မိုးနှောင်းကောင်းတဲ့ အတွက် ဆောင်းသီးနှံ စိုက်ပျိုးမဲ့ တောင်သူတွေ အနေနဲ့ ဈေးကွက်မျှော်လင့်ချက်နဲ့ ဒေသထွက် ပဲမျိုးစုံကို တိုးချဲ့ စိုက်ပျိုးဖို့ ကြံစည်ကြိုးစားအားယူနေကြလိမ့်မယ် လို့ ထင်မြင် မှန်းဆ တင်ပြလိုက်ရပါ တယ်။ထွန်းလှိုင် - မုံရွာ